သတင္းစာပညာသိမွတ္ဖြယ္ရာမ်ားအမွတ္စဥ္ (၁ ) သင္တန္းဖြင့္ပြဲသို႔ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး တက္ေရာက္
သတင္းစာပညာသိမွတ္ဖြယ္ရာမ်ားအမွတ္စဥ္ (၁ ) သင္တန္းဖြင့္ပြဲသို႔ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး တက္ေရာက္
++++===++===
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးသည္ ဗဟိုေကာ္မတီဝင္ ေဒါက္တာသန့္ေဇာ္လြင္ႏွင့္အတူ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ သိမ္ျဖဴလမ္း၊ သတင္းႏွင့္စာနယ္ဇင္းလုပ္ငန္း႐ုံးရွိ ေ႐ႊဥေဒါင္းခန္းမတြင္ ျမန္မာနိုင္ငံသတင္းစာဆရာအသင္းက ႀကီးမႉးက်င္းပေသာ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၁၄ ရက္ေန႕မွ ၁၈ ရက္ေန႕ထိ သတင္းစာပညာသိမွတ္ဖြယ္ရာမ်ား အမွတ္စဥ္(၁) သင္တန္းဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
ပါတီဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးသည္ သင္တန္းတြင္ စတုတၱမ႑ိုင္ ႀကံ့ႀကံ့ခိုင္ ေခါင္းစဥ္ျဖင့္ သင္တန္းသားမ်ားအား ေဆြးႏြေးခဲ့ၿပီး မ်ိဳးဆက္သစ္လူငယ္သတင္းေထာက္မ်ား
ႏွင့္ မီဒီယာအသီးသီးမွ သတင္းသမားမ်ားပါဝင္လာတာ ေတြ႕ရေတာ့ ပိုၿပီး ဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ တာဝန္သိေသာ စတုတၳမ႑ိုင္ျဖင့္နိုင္ငံေတာ္ႏွင့္နိုင္ငံသားမ်ားအက်ိဳးသယ္ပိုးေဆာင္႐ြက္နိုင္ၾကပါေစေၾကာင္း ေဆြးႏြေးခဲ့ပါသည္
=====================
သတင်းစာပညာသိမှတ်ဖွယ်ရာများအမှတ်စဉ် (၁ ) သင်တန်းဖွင့်ပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်
++++===++===
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ဗဟိုကော်မတီဝင် ဒေါက်တာသန့်ဇော်လွင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးရှိ ရွှေဥဒေါင်းခန်းမတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ သတင်းစာပညာသိမှတ်ဖွယ်ရာများ အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် သင်တန်းတွင် စတုတ္တမဏ္ဍိုင် ကြံ့ကြံ့ခိုင် ခေါင်းစဉ်ဖြင့် သင်တန်းသားများအား ဆွေးနွေးခဲ့ပြီး မျိုးဆက်သစ်လူငယ်သတင်းထောက်များ
နှင့် မီဒီယာအသီးသီးမှ သတင်းသမားများပါဝင်လာတာ တွေ့ရတော့ ပိုပြီး ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊
တာဝန်သိသော စတုတ္ထမဏ္ဍိုင်ဖြင့်နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆွေးနွေးခဲ့ပါသည်။