မူရင္းဖန္တီးသူေတြကိုပဲ ပိုက္ဆံေပးမယ့္ YouTube ေပၚလစီသစ္
မူရင္းဖန္တီးသူေတြကိုပဲ ပိုက္ဆံေပးမယ့္ YouTube ေပၚလစီသစ္
=========================
YouTube က ဒီလ ၁၅ ရက္ေန႔ကစၿပီး monetization policy သစ္ ေျပာင္းေတာ့မွာပါ။
ေပၚလစီသစ္က content ေတြ အမ်ားႀကီးၿပဳံထုတ္ၿပီး တစ္ပုံစံတည္း ထပ္ေနတဲ့ ေပါေပါပဲပဲ low-effort ဗြီဒီယိုေတြတင္တဲ့ ခ်န္နယ္ေတြကို အရင္ေလာက္ ပိုက္ဆံေပးေတာ့မွာ မဟုတ္ပါဘူး။ ကိုယ္ပိုင္အသံ ကိုယ္ပိုင္ဟန္ဖန္တီးမႈနဲ႔ တန္ဖိုးရွိတဲ့ content ေတြကိုပဲ ဦးစားေပးပါလိမ့္မယ္။
YouTube monetization နဲ႔ မကိုက္တဲ့ content ေတြထဲမွာ တျခား sources ေတြကေန ကူးတင္ၿပီး ကိုယ့္အားထုတ္မႈနဲ႔ သိသိသာသာ ေျပာင္းမထားတဲ့ content ေတြ ၊ view ရ႐ုံသပ္သပ္ ရည္႐ြယ္ခ်က္ေကာင္းမရွိဘဲ တင္တဲ့ repetitive content ေတြ ပါပါတယ္။ policy သစ္က clickbait ေခၚတဲ့ ဗြီဒီယိုေတြနဲ႔ AI generated content ေတြကို ပိုထိမွာပါ။
အခုေနာက္ပိုင္း AI အသံနဲ႔ ထုတ္တဲ့ content ေတြလည္း ဒီမူနဲ႔ ၿငိႏိုင္ပါတယ္။ YouTube page မွာလည္း “YouTube Partner Program (YPP) အေနနဲ႔ ေငြရဖို႔ဆို creator ေတြဟာ ကိုယ္ပိုင္ original ျဖစ္ၿပီး အမွန္အကန္ authentic ျဖစ္တဲ့ content ေတြပဲ တင္ရမယ္” လို႔ အတိအလင္း ေျပာထားပါတယ္။
YouTube update မွာ monetization ေအာင္ဖို႔ အနည္းဆုံး subscriber ၁၀၀၀ ၊ ၾကည့္ရႈမႈနာရီအေရအတြက္ ၄၀၀၀ ( ရက္ ၉၀ အတြင္း Shorts view ၁၀ သန္း) စတဲ့အခ်က္ေတြေတာ့ မေျပာင္းပါဘူး။ #Duwun
မူရင်းဖန်တီးသူတွေကိုပဲ ပိုက်ဆံပေးမယ့် YouTube ပေါ်လစီသစ်
=========================
YouTube က ဒီလ ၁၅ ရက်နေ့ကစပြီး monetization policy သစ် ပြောင်းတော့မှာပါ။
ပေါ်လစီသစ်က content တွေ အများကြီးပြုံထုတ်ပြီး တစ်ပုံစံတည်း ထပ်နေတဲ့ ပေါပေါပဲပဲ low-effort ဗွီဒီယိုတွေတင်တဲ့ ချန်နယ်တွေကို အရင်လောက် ပိုက်ဆံပေးတော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အသံ ကိုယ်ပိုင်ဟန်ဖန်တီးမှုနဲ့ တန်ဖိုးရှိတဲ့ content တွေကိုပဲ ဦးစားပေးပါလိမ့်မယ်။
YouTube monetization နဲ့ မကိုက်တဲ့ content တွေထဲမှာ တခြား sources တွေကနေ ကူးတင်ပြီး ကိုယ့်အားထုတ်မှုနဲ့ သိသိသာသာ ပြောင်းမထားတဲ့ content တွေ ၊ view ရရုံသပ်သပ် ရည်ရွယ်ချက်ကောင်းမရှိဘဲ တင်တဲ့ repetitive content တွေ ပါပါတယ်။ policy သစ်က clickbait ခေါ်တဲ့ ဗွီဒီယိုတွေနဲ့ AI generated content တွေကို ပိုထိမှာပါ။
အခုနောက်ပိုင်း AI အသံနဲ့ ထုတ်တဲ့ content တွေလည်း ဒီမူနဲ့ ငြိနိုင်ပါတယ်။ YouTube page မှာလည်း “YouTube Partner Program (YPP) အနေနဲ့ ငွေရဖို့ဆို creator တွေဟာ ကိုယ်ပိုင် original ဖြစ်ပြီး အမှန်အကန် authentic ဖြစ်တဲ့ content တွေပဲ တင်ရမယ်” လို့ အတိအလင်း ပြောထားပါတယ်။
YouTube update မှာ monetization အောင်ဖို့ အနည်းဆုံး subscriber ၁၀၀၀ ၊ ကြည့်ရှုမှုနာရီအရေအတွက် ၄၀၀၀ ( ရက် ၉၀ အတွင်း Shorts view ၁၀ သန်း) စတဲ့အချက်တွေတော့ မပြောင်းပါဘူး။ #Duwun