ကုလအထူးကိုယ္စားလွယ္နဲ႔ ICC တရားသူႀကီး ၄ ဦးကို ကန္ အေရးယူ

ကုလအထူးကိုယ္စားလွယ္နဲ႔ ICC တရားသူႀကီး ၄ ဦးကို ကန္ အေရးယူ
====================
အစၥေရးကိုေဝဖန္တဲ့ ကုလလူ႔အခြင့္အေရးေကာင္စီ အထူးကိုယ္စားလွယ္နဲ႔ အစၥေရးကို စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တယ္လို႔ သတ္မွတ္ထားတဲ့ ICC တရားသူႀကီး ၄ ဦးကို အေမရိကန္က အေရးယူမႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဂါဇာကမ္းေျမာင္စစ္ပြဲအတြင္း ပါလက္စတိုင္းေတြအေပၚ အစၥေရးက မတရားျပဳက်င့္မႈေတြျပဳလုပ္ခဲ့တယ္လို႔ ေဝဖန္ခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္ အေရးေကာင္စီ အထူးကိုယ္စားလွယ္ ဖရန္ခ်က္စကာ အယ္ဘန္နီဇ္ ကို ထ႐ြမ့္အစိုးရက အေရးယူမႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ေဘးနီးယားဟာ “အေမရိကန္နဲ႔ အစၥေရးဟာ ႏိုင္ငံေရးနဲ႔ စီးပြားေရးစစ္ပြဲဆင္ႏႊဲဖို႔ လႈံ႕ေဆာ္မႈေတြျပဳလုပ္ေနတယ္လို႔ စြပ္စြဲခဲ့တာေၾကာင့္ အေရးယူတာလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Marco Rubio က ဗုဒၶဟူးေန႔က ေၾကညာခဲ့ပါတယ္။

အယ္လ္ေဘးနီးစ္ကေတာ့ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို ပယ္ခ်လိုက္ၿပီး သူမရဲ႕လုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔ ေျပာပါတယ္။

အစၥေရးကို စစ္ရာဇဝတ္မႈေတြ က်ဴးလြန္တယ္လို႔ သတ္မွတ္ထားတဲ့ ICC တရားသူႀကီး ၄ ဦးကိုလည္း အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္ထားပါတယ္လို႔လည္း သိရပါတယ္။

ဒီပိတ္ဆို႔အေရးယူမႈေၾကာင့္ အယ္ဘန္နီဇ္ဟာ အေမရိကန္ကို ခရီးသြားလာမႈ ပိတ္ပင္ခံရၿပီး အေမရိကန္ႏိုင္ငံတြင္းမွာရွိတဲ့ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြကိုလည္း ပိတ္ဆို႔သြားဖို႔ ရွိေနပါတယ္။

႐ူဘီယိုက အယ္ဘန္နီဇ္ဟာ အၾကမ္းဖက္ဝါဒကို ေထာက္ခံသူျဖစ္တယ္လို႔ စြပ္စြဲခဲ့ၿပီး သူဟာ ကုလသမဂၢ အထူး ကိုယ္စားလွယ္ရာထူးနဲ႔ မထိုက္တန္ဘူးလို႔ ဆိုပါတယ္။

အယ္ဘန္နီဇ္ဟာ ႏိုင္ငံတကာ ရာဇ၀တ္မႈခုံ႐ုံး(ICC)နဲ႔ တိုက္႐ိုက္ဆက္ႏႊယ္မႈ ရွိေနၿပီး အေမရိကန္နဲ႔ အစၥေရး ႏိုင္ငံ သားေတြကို တရားစြဲဖို႔ ႀကိဳးစားေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယိုက မေန႔က ဇူလိုင္ ၉ ရက္မွာ ေျပာပါတယ္။

#PAN


ကုလအထူးကိုယ်စားလှယ်နဲ့ ICC တရားသူကြီး ၄ ဦးကို ကန် အရေးယူ
====================
အစ္စရေးကိုဝေဖန်တဲ့ ကုလလူ့အခွင့်အရေးကောင်စီ အထူးကိုယ်စားလှယ်နဲ့ အစ္စရေးကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ ICC တရားသူကြီး ၄ ဦးကို အမေရိကန်က အရေးယူမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂါဇာကမ်းမြောင်စစ်ပွဲအတွင်း ပါလက်စတိုင်းတွေအပေါ် အစ္စရေးက မတရားပြုကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အထူးကိုယ်စားလှယ် ဖရန်ချက်စကာ အယ်ဘန်နီဇ် ကို ထရွမ့်အစိုးရက အရေးယူမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဘေးနီးယားဟာ “အမေရိကန်နဲ့ အစ္စရေးဟာ နိုင်ငံရေးနဲ့ စီးပွားရေးစစ်ပွဲဆင်နွှဲဖို့ လှုံ့ဆော်မှုတွေပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့တာကြောင့် အရေးယူတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အယ်လ်ဘေးနီးစ်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပယ်ချလိုက်ပြီး သူမရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

အစ္စရေးကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ သတ်မှတ်ထားတဲ့ ICC တရားသူကြီး ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်လို့လည်း သိရပါတယ်။

ဒီပိတ်ဆို့အရေးယူမှုကြောင့် အယ်ဘန်နီဇ်ဟာ အမေရိကန်ကို ခရီးသွားလာမှု ပိတ်ပင်ခံရပြီး အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ဆို့သွားဖို့ ရှိနေပါတယ်။

ရူဘီယိုက အယ်ဘန်နီဇ်ဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး သူဟာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ရာထူးနဲ့ မထိုက်တန်ဘူးလို့ ဆိုပါတယ်။

အယ်ဘန်နီဇ်ဟာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး(ICC)နဲ့ တိုက်ရိုက်ဆက်နွှယ်မှု ရှိနေပြီး အမေရိကန်နဲ့ အစ္စရေး နိုင်ငံ သားတွေကို တရားစွဲဖို့ ကြိုးစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မနေ့က ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။

#PAN