================================
ဇူလိုင် ၄၊ နေပြည်တော်
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအုပ်စု ရပ်မိရပ်ဖများနှင့်တွေ့ဆုံ
================================
ဇူလိုင် ၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း နှင့်အတူ ၄-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာသို့ သွားရောက်ပြီး ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပါသည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး ရေဆင်းကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ၏ လိုလားချက် လိုအပ်ချက်များ၊ ပညာရေးကဏ္ဍ တောင်သူလယ်သမားများကဏ္ဍအပါအဝင် သိရှိလိုသည့် မေးမြန်းချက်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တွေ့ဆုံမှုသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့် ပါတီကော်မတီဝင်များ၊ ဇေယျာသီရိခရိုင်/မြို့နယ်ပါတီများမှ ကော်မတီဝင်များ၊ ရေဆင်းကျေးရွာအုပ်စုမှ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။