ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပါတီကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ တက်ရောက်

================================
ဇူလိုင် ၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၃-၇-၂၀၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သော တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပါတီကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။
ရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပါတီကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ ပြုစုထားသော ခရီးစဉ်စာတမ်းအား ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်ကိုကိုမှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက သွားရောက်ခဲ့သည့် လေ့လာရေးခရီးစဉ်နှင့်စပ်လျဉ်းပြီး သုံးသပ်အကြံပြုဆွေးနွေးခဲ့ပါသည်။
၎င်းနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ခရီးစဉ်သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့မှ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။