အီတလီႏိုင္ငံအစိုးရက ႏိုင္ငံ၌ ေဘာလုံးၿပိဳင္ပြဲမ်ားတြင္ ဒိုင္လူႀကီးမ်ားကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ပါက ေထာင္ဒဏ္ခ်မွတ္ခံရမည့္ ဥပေဒသစ္တစ္ရပ္ျပ႒ာန္း
အီတလီႏိုင္ငံအစိုးရက ႏိုင္ငံ၌ ေဘာလုံးၿပိဳင္ပြဲမ်ားတြင္ ဒိုင္လူႀကီးမ်ားကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ပါက ေထာင္ဒဏ္ခ်မွတ္ခံရမည့္ ဥပေဒသစ္တစ္ရပ္ျပ႒ာန္း
========================================
အီတလီႏိုင္ငံအစိုးရက ႏိုင္ငံ၌ ေဘာလုံးၿပိဳင္ပြဲမ်ားတြင္ ကစားသမားမ်ားအေနျဖင့္ ကြင္းလယ္ဒိုင္လူႀကီးကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္မည္ဆိုပါက ေထာင္ဒဏ္ျပစ္ဒဏ္ခ်မွတ္ခံရမည့္ ဥပေဒသစ္တစ္ရပ္ကို ျပ႒ာန္း လိုက္ေၾကာင္း သိရသည္။
အီတလီႏိုင္ငံအစိုးရက ႏိုင္ငံအတြင္း ေဘာလုံးၿပိဳင္ပြဲ မ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အစိုးရအဖြဲ႕ ဝန္ထမ္းမ်ားကို ကာကြယ္ေပးသည့္ ဥပေဒသစ္တစ္ရပ္ကို ျပ႒ာန္းၿပီးေနာက္ အီတလီစီးရီးေအၿပိဳင္ပြဲ အပါအဝင္ ေဘာလုံး ၿပိဳင္ပြဲမ်ားတြင္ ကြင္းလယ္ဒိုင္လူႀကီးမ်ားကို ကိုယ္ထိ လက္ေရာက္ က်ဴးလြန္မည္ဆိုပါက ေထာင္ဒဏ္ ျပစ္ဒဏ္ ခ်မွတ္ခံရမည္ျဖစ္သည္။
အဆိုပါဥပေဒတစ္ရပ္တြင္ သက္ဆိုင္ရာအသင္းမ်ားမွ နည္းျပအဖြဲ႕ဝင္မ်ား၊ ကစားသမားမ်ားအေနျဖင့္ တြန္းျခင္း၊ ထိုးႀကိတ္ျခင္း၊ ကိုယ္ထိလက္ေရာက္ ၿခိမ္းေျခာက္ျခင္း စသည့္ အျပဳအမူတို႔ကို ျပဳလုပ္မည္ ဆိုပါက ေထာင္ဒဏ္ ခ်မွတ္ခံရမည္ျဖစ္သည္။
ေနာက္ပိုင္းတြင္ ေဘာလုံးေလာက၌ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားအေနျဖင့္ ကြင္းလယ္ဒိုင္လူႀကီးမ်ား အေပၚတြင္ အကာအကြယ္ေပးသည့္အေနျဖင့္ ဥပေဒ မ်ား၊ စည္းမ်ဥ္းသစ္မ်ား ခ်မွတ္ေပးခဲ့ၾကၿပီး ယခုအခါတြင္လည္း အီတလီႏိုင္ငံအစိုးရက ဥပေဒသစ္တစ္ရပ္ ျပ႒ာန္းေပးခဲ့ကာ ေဘာလုံးေလာကအျပင္ ႏိုင္ငံအတြင္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အစိုးရဝန္ထမ္းအဖြဲ႕အစည္း မ်ားကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ပါက အနည္းဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ခ်မွတ္မည္ျဖစ္သည္။
အီတလီႏိုင္ငံရွိ ေဘာလုံးေလာကသည္ တျခား ႏိုင္ငံမ်ားမွ ေဘာလုံးေလာကထက္ ဒိုင္လူႀကီးမ်ား အေပၚတြင္ ျပင္းျပင္းထန္ထန္ ေစာဒကတက္ျခင္း၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ျခင္း စသည္တို႔ကို ပိုမို လုပ္ေဆာင္ေလ့ ရွိသည့္ အတြက္ ဒိုင္လူႀကီးမ်ားအေပၚ အကာအကြယ္ပိုမိုရရွိရန္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလမွ စတင္ၿပီး အီတလီႏိုင္ငံအစိုးရ အဖြဲ႕ႏွင့္ အီတလီႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းကာ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ အဆိုပါဥပေဒသစ္ တစ္ရပ္ကို အတည္ျပဳျပ႒ာန္းခဲ့ျခင္းျဖစ္ၿပီး အဆိုပါဥပေဒသစ္မွာ ယခုလအတြင္း စတင္အက်ိဳး သက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အီတလီနိုင်ငံအစိုးရက နိုင်ငံ၌ ဘောလုံးပြိုင်ပွဲများတွင် ဒိုင်လူကြီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ပါက ထောင်ဒဏ်ချမှတ်ခံရမည့် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်း
========================================
အီတလီနိုင်ငံအစိုးရက နိုင်ငံ၌ ဘောလုံးပြိုင်ပွဲများတွင် ကစားသမားများအနေဖြင့် ကွင်းလယ်ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်မည်ဆိုပါက ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရမည့် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်း လိုက်ကြောင်း သိရသည်။
အီတလီနိုင်ငံအစိုးရက နိုင်ငံအတွင်း ဘောလုံးပြိုင်ပွဲ များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့ ဝန်ထမ်းများကို ကာကွယ်ပေးသည့် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းပြီးနောက် အီတလီစီးရီးအေပြိုင်ပွဲ အပါအဝင် ဘောလုံး ပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်လူကြီးများကို ကိုယ်ထိ လက်ရောက် ကျူးလွန်မည်ဆိုပါက ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။
အဆိုပါဥပဒေတစ်ရပ်တွင် သက်ဆိုင်ရာအသင်းများမှ နည်းပြအဖွဲ့ဝင်များ၊ ကစားသမားများအနေဖြင့် တွန်းခြင်း၊ ထိုးကြိတ်ခြင်း၊ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခြင်း စသည့် အပြုအမူတို့ကို ပြုလုပ်မည် ဆိုပါက ထောင်ဒဏ် ချမှတ်ခံရမည်ဖြစ်သည်။
နောက်ပိုင်းတွင် ဘောလုံးလောက၌ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ကွင်းလယ်ဒိုင်လူကြီးများ အပေါ်တွင် အကာအကွယ်ပေးသည့်အနေဖြင့် ဥပဒေ များ၊ စည်းမျဉ်းသစ်များ ချမှတ်ပေးခဲ့ကြပြီး ယခုအခါတွင်လည်း အီတလီနိုင်ငံအစိုးရက ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပေးခဲ့ကာ ဘောလုံးလောကအပြင် နိုင်ငံအတွင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းအဖွဲ့အစည်း များကို ကိုယ်ထိလက်ရောက် ကျူးလွန်ပါက အနည်းဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်ချမှတ်မည်ဖြစ်သည်။
အီတလီနိုင်ငံရှိ ဘောလုံးလောကသည် တခြား နိုင်ငံများမှ ဘောလုံးလောကထက် ဒိုင်လူကြီးများ အပေါ်တွင် ပြင်းပြင်းထန်ထန် စောဒကတက်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း စသည်တို့ကို ပိုမို လုပ်ဆောင်လေ့ ရှိသည့် အတွက် ဒိုင်လူကြီးများအပေါ် အကာအကွယ်ပိုမိုရရှိရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး အီတလီနိုင်ငံအစိုးရ အဖွဲ့နှင့် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အဆိုပါဥပဒေသစ် တစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဥပဒေသစ်မှာ ယခုလအတွင်း စတင်အကျိုး သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။