ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ ဥပေဒေရးရာတာဝန္ခံဦးလွသိန္း ရန္ကုန္တိုင္းေဒသႀကီးရွိ တိုင္၊ ခ႐ိုင္၊ၿမိဳ႕နယ္မ်ားရွိ ေရွ႕ေနမ်ားႏွင့္ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး
ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ ဥပေဒေရးရာတာဝန္ခံဦးလွသိန္း ရန္ကုန္တိုင္းေဒသႀကီးရွိ တိုင္၊ ခ႐ိုင္၊ၿမိဳ႕နယ္မ်ားရွိ ေရွ႕ေနမ်ားႏွင့္ ပါတီတာဝန္ရွိသူမ်ားအားေတြ႕ဆုံေဆြးေႏြး
=======================
ရန္ကုန္ ဇြန္ ၂၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာတာဝန္ခံဦးလွသိန္းသည္ ဇြန္လ ၂၃ ရက္ေန႔ နံနက္(၉:၄၅)အခ်ိန္က ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္တာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္အသီးသီးရွိ ေရွ႕ေနမ်ားအား ရန္ကုန္တိုင္း ေဒသႀကီးပါတီ႐ုံး၏အစည္းအေဝးခန္းမ၌ေတြ႕ဆုံေဆြးေႏြးခဲ့သည္။
အခမ္းအနားတြင္ေရွးဦးစြာ ႏိုင္ငံေတာ္အလံအား အေလးျပဳျခင္း ၊ ႏိုင္ငံေတာ္သီခ်င္းအားသံၿပိဳင္သီဆိုျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၾကၿပီး ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းမွ လာေရာက္ေတြ႕ဆုံရျခင္း၏ ရည္႐ြယ္အားမိတ္ဆက္ရွင္းလင္းေျပာၾကားခဲ့ၿပီးေနာက္ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏သက္ဆိုင္ရာ အခန္း က႑မ်ားတြင္ ျပဌာန္းေဖာ္ျပထားေသာ အထူးအေရးႀကီးေသာ ဥပေဒမ်ား ၊ မိမိတို႔ပါတီ၏ဖြဲ႕စည္းပုံႏွင့္ စည္းကမ္း ဥပေဒသမ်ား ၊ ေ႐ြးေကာက္ပြဲျဖတ္သန္းမႈျဖစ္စဥ္မ်ား အေတြ႕အႀကဳံမ်ား ၊ ေ႐ြးေကာက္ပြဲမ်ားတြင္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေသာ တရားမဲ့ျပဳက်င့္မႈျဖစ္ရပ္မ်ား ၊ ႏိုင္ငံေတာ္မွ ေရးဆြဲ ျဖည့္စြက္ ျပင္ဆင္ အတည္ျပဳ ျပဌာန္း ထုတ္ျပန္လွ်က္ရွိေသာ သိသင့္ သိထိုက္ေသာ အမိန္႔ ေၾကညာခ်က္မ်ား ဥပေဒဆိုင္ရာကိစၥရပ္မ်ား ၊ မိမိတို႔ပါတီမွ ဥပေဒေရးရာအခန္းက႑အတြက္ ဦးစားေပးေဆာင္႐ြက္ေနမႈ စသည့္ကိစၥရပ္မ်ားအားအေသးစိတ္ ခ်ျပ ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ တက္ေရာက္လာၾကေသာ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္အသီးသီး၏ပါတီတာဝန္ရွိသူမ်ား ဥပေဒပညါရွင္မ်ားမွ မိမိတို႔၏သိရွိလိုသည္မ်ားအားတင္ျပ ၍ ေဆြးေႏြးေမးျမန္းျခင္း ၊ ပါတီႏွင့္အတူလက္တြဲ၍ သက္ဆိုင္ရာနယ္ေျမ ေဒသမ်ားအလိုက္ ဥပေဒဆိုင္ရာကိစၥရပ္မ်ား ပူးေပါင္း ေဆာင္႐ြက္ေနမႈအေျခအေနမ်ား ၊ ပါတီအား ေဝဖန္အႀကံျပဳခ်က္မ်ားအား အသီးသီးေဆြးေႏြးတင္ျပခဲ့ၿပီး ဗဟိုအလုပ္အမႈေဆာင္မွ တင္ျပခ်က္မ်ားအေပၚ ျပန္လည္ေဆြးေႏြးရွင္းလင္းကာ အႀကံျပဳခ်က္မ်ားအေပၚမွတ္တမ္းတင္ခဲ့ၾကပါသည္။
ဥပေဒေရးရာေတြ႕ဆုံပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ဥပေဒေရးရာတာဝန္ခံဦးလွသိန္း ၊ ဗဟိုေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ရန္ကုန္တိုင္းေဒသႀကီးပါတီအတြင္းေရးမႈးဦးေအာင္ေက်ာ္မင္း၊ ဘ႑ာေရးမႉး ေဒၚေအးမင္းမိုး၊ တိုင္းေဒသႀကီး ပါတီေကာ္မတီဝင္မ်ား ၊ ခ႐ိုင္ပါတီဥကၠဌမ်ား၊ ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ား ၊ သက္ဆိုင္ရာ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္အသီးသီး၏ ေရွ႕ေနမ်ား ဥပ ေဒပညါရွင္မ်ားစုစုေပါင္း ( ၁၀၀ )ဦးခန္႔ တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္းသိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဥပဒေရေးရာတာဝန်ခံဦးလှသိန်း ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်၊ ခရိုင်၊မြို့နယ်များရှိ ရှေ့နေများနှင့် ပါတီတာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေး
=======================
ရန်ကုန် ဇွန် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဥပဒေရေးရာတာဝန်ခံဦးလှသိန်းသည် ဇွန်လ ၂၃ ရက်နေ့ နံနက်(၉:၄၅)အချိန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း ၊ ခရိုင် ၊ မြို့နယ်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တိုင်း ၊ ခရိုင် ၊ မြို့နယ်အသီးသီးရှိ ရှေ့နေများအား ရန်ကုန်တိုင်း ဒေသကြီးပါတီရုံး၏အစည်းအဝေးခန်းမ၌တွေ့ဆုံဆွေးနွေးခဲ့သည်။
အခမ်းအနားတွင်ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ လာရောက်တွေ့ဆုံရခြင်း၏ ရည်ရွယ်အားမိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏သက်ဆိုင်ရာ အခန်း ကဏ္ဍများတွင် ပြဌာန်းဖော်ပြထားသော အထူးအရေးကြီးသော ဥပဒေများ ၊ မိမိတို့ပါတီ၏ဖွဲ့စည်းပုံနှင့် စည်းကမ်း ဥပဒေသများ ၊ ရွေးကောက်ပွဲဖြတ်သန်းမှုဖြစ်စဥ်များ အတွေ့အကြုံများ ၊ ရွေးကောက်ပွဲများတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော တရားမဲ့ပြုကျင့်မှုဖြစ်ရပ်များ ၊ နိုင်ငံတော်မှ ရေးဆွဲ ဖြည့်စွက် ပြင်ဆင် အတည်ပြု ပြဌာန်း ထုတ်ပြန်လျှက်ရှိသော သိသင့် သိထိုက်သော အမိန့် ကြေညာချက်များ ဥပဒေဆိုင်ရာကိစ္စရပ်များ ၊ မိမိတို့ပါတီမှ ဥပဒေရေးရာအခန်းကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်နေမှု စသည့်ကိစ္စရပ်များအားအသေးစိတ် ချပြ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာကြသော တိုင်း ခရိုင် မြို့နယ်အသီးသီး၏ပါတီတာဝန်ရှိသူများ ဥပဒေပညါရှင်များမှ မိမိတို့၏သိရှိလိုသည်များအားတင်ပြ ၍ ဆွေးနွေးမေးမြန်းခြင်း ၊ ပါတီနှင့်အတူလက်တွဲ၍ သက်ဆိုင်ရာနယ်မြေ ဒေသများအလိုက် ဥပဒေဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ ၊ ပါတီအား ဝေဖန်အကြံပြုချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်မှ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးရှင်းလင်းကာ အကြံပြုချက်များအပေါ်မှတ်တမ်းတင်ခဲ့ကြပါသည်။
ဥပဒေရေးရာတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဥပဒေရေးရာတာဝန်ခံဦးလှသိန်း ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးအောင်ကျော်မင်း၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌများ၊ မြို့နယ်ပါတီတာဝန်ရှိသူများ ၊ သက်ဆိုင်ရာ တိုင်း ၊ ခရိုင် ၊ မြို့နယ်အသီးသီး၏ ရှေ့နေများ ဥပ ဒေပညါရှင်များစုစုပေါင်း ( ၁၀၀ )ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။