ထိုင္းဖိုက္တာကို အမွတ္ျဖင့္အႏိုင္ရခဲ့တဲ့ ေနာ္ဥမၼာစိုး

ထိုင္းဖိုက္တာကို အမွတ္ျဖင့္အႏိုင္ရခဲ့တဲ့ ေနာ္ဥမၼာစိုး
===========================
ယေန႔ ဇြန္ (၂၂)ရက္ ညေန (၅)နာရီအခ်ိန္၌ ထိုင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္သည့္ PATONG COMBAT ၿပိဳင္ပြဲအတြင္း ႐ိုးရာဖိုက္တာေနာ္ဥမၼာစိုးမွာ ၿပိဳင္ဘက္ထိုင္းဖိုက္တာအား အမွတ္ျဖင့္ အႏိုင္ရရွိခဲ့သည္။

ပြဲစဥ္အတြင္း ထိုင္းဖိုက္တာကို ငါးခ်ီေျမာက္တြင္ ဒိုင္ပြဲရပ္ကာ အမွတ္ျဖင့္အႏိုင္ရရွိခဲ့ျခင္းလည္းျဖစ္သည္။

လက္ရည္တက္လာသည့္ေနာ္ဥမၼာစိုးမွာ PATONG COMBAT ၿပိဳင္ပြဲမ်ားမွတဆင့္ ONE ၿပိဳင္ပြဲသို တက္လွမ္းရန္ ႀကိဳးစားေနသူတစ္ဦးျဖစ္သည္။

ေနာ္ဥမၼာစိုးသည္ ၿပီးခဲ့သည့္ ဇန္နဝါရီ (၉) ရက္၌ က်င္းပျပဳလုပ္သည့္ Patong fight night ခ်န္ပီယံခါးပတ္လုၿပိဳင္ပြဲတြင္ ေမြထိုင္းဖိုက္တာ ဘစ္နီဖရင္ကို ဒိုင္ေပးမွတ္ျဖင့္ အႏိုင္ယူကာ ေမြထိုင္းခ်န္ပီယံခါးပတ္ကို ဆြတ္ခူးထားသူတစ္ဦးျဖစ္သည္။

ေနာ္ဥမၼာစိုးမွာ ထိုင္းႏိုင္ငံရွိ တိုက္ဂါး ေမြထိုင္းကလပ္တြင္ နာမည္ေက်ာ္ ကယန္းလက္ေဝွ႔မယ္ ဗေရာ္နီကာႏွင့္အတူေလ့က်င့္ေနသူတစ္ဦးျဖစ္သည္။


ထိုင်းဖိုက်တာကို အမှတ်ဖြင့်အနိုင်ရခဲ့တဲ့ နော်ဥမ္မာစိုး
===========================
ယနေ့ ဇွန် (၂၂)ရက် ညနေ (၅)နာရီအချိန်၌ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် PATONG COMBAT ပြိုင်ပွဲအတွင်း ရိုးရာဖိုက်တာနော်ဥမ္မာစိုးမှာ ပြိုင်ဘက်ထိုင်းဖိုက်တာအား အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲစဉ်အတွင်း ထိုင်းဖိုက်တာကို ငါးချီမြောက်တွင် ဒိုင်ပွဲရပ်ကာ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

လက်ရည်တက်လာသည့်နော်ဥမ္မာစိုးမှာ PATONG COMBAT ပြိုင်ပွဲများမှတဆင့် ONE ပြိုင်ပွဲသို တက်လှမ်းရန် ကြိုးစားနေသူတစ်ဦးဖြစ်သည်။

နော်ဥမ္မာစိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက်၌ ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲတွင် မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးထားသူတစ်ဦးဖြစ်သည်။

နော်ဥမ္မာစိုးမှာ ထိုင်းနိုင်ငံရှိ တိုက်ဂါး မွေထိုင်းကလပ်တွင် နာမည်ကျော် ကယန်းလက်ဝှေ့မယ် ဗရော်နီကာနှင့်အတူလေ့ကျင့်နေသူတစ်ဦးဖြစ်သည်။