ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ေက်ာက္ဆည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္းသား/သူမ်ားကို အားေပးစကား ေျပာၾကားၿပီး ေရသန္႔ဗူးမ်ားလႉဒါန္း
ျပည္ခိုင္ၿဖိဳးပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ေက်ာက္ဆည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္းသား/သူမ်ားကို အားေပးစကား ေျပာၾကားၿပီး ေရသန္႔ဗူးမ်ားလႉဒါန္း
=========================
ေက်ာက္ဆည္ ဇြန္ ၁၈
ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊ေဒါက္တာေမာင္သင္း၊မႏၲေလးတိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးၫြန္႔ေဆာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ေက်ာက္ဆည္ၿမိဳ႕နယ္ပါတီဥကၠဌ၊အတြင္း ေရးမႉးႏွင့္ေကာ္ မတီဝင္မ်ား၊လူငယ္၊အမ်ိဳးသမီးပါတီဝင္မ်ားသည္ ေက်ာက္ဆည္ၿမိဳ႕၊ဆူးကုန္းရပ္ကြက္ရွိ အထက (၁)စာေျဖဌာနသို႔ သြားေရာက္ကာ ေက်ာင္းသားမိဘမ်ားအား ေတြ႕ဆုံအားေပးစကားမ်ား ေျပာၾကားခဲ့ပါသည္။
(၁၂:၀၀) အခ်ိန္တြင္ G-12 စာေမးပြဲေျဖဆိုၿပီးလာသည့္ ေက်ာင္းသား/သူမ်ားကို အားေပးစကားမ်ားေျပာၾကားခဲ့ၿပီး ေရသန္႔ဗူးမ်ား လႈဒါန္းခဲ့ပါသည္။
ယေန႔တြင္ ေက်ာက္ဆည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီမွ အထက(၁)စာေျဖဌာနတြင္ G-12 စာေမးပြဲေျဖဆိုသည့္ ေက်ာင္းသား/သူ (၃၂၅)ဦးႏွင့္စာေျဖဌာနတာဝန္က် ဆရာ/ဆရာမမ်ားအတြက္ ေရသန္႔ဗူး (၄၅၀)ဗူး လႉဒါန္းခဲ့ေၾကာင္း သိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ G-12 စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများကို အားပေးစကား ပြောကြားပြီး ရေသန့်ဗူးများလှူဒါန်း
=========================
ကျောက်ဆည် ဇွန် ၁၈
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ကျောက်ဆည်မြို့နယ်ပါတီဥက္ကဌ၊အတွင်း ရေးမှူးနှင့်ကော် မတီဝင်များ၊လူငယ်၊အမျိုးသမီးပါတီဝင်များသည် ကျောက်ဆည်မြို့၊ဆူးကုန်းရပ်ကွက်ရှိ အထက (၁)စာဖြေဌာနသို့ သွားရောက်ကာ ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပါသည်။
(၁၂:၀၀) အချိန်တွင် G-12 စာမေးပွဲဖြေဆိုပြီးလာသည့် ကျောင်းသား/သူများကို အားပေးစကားများပြောကြားခဲ့ပြီး ရေသန့်ဗူးများ လှုဒါန်းခဲ့ပါသည်။
ယနေ့တွင် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အထက(၁)စာဖြေဌာနတွင် G-12 စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူ (၃၂၅)ဦးနှင့်စာဖြေဌာနတာဝန်ကျ ဆရာ/ဆရာမများအတွက် ရေသန့်ဗူး (၄၅၀)ဗူး လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။