တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းတြင္ ေျမၿပိဳမႈျဖစ္ပြား
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းတြင္ ေျမၿပိဳမႈျဖစ္ပြား
ေပက်င္း ဇြန္ ၂
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းရွိ Xizang ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ယမန္ေန႔က ေျမၿပိဳမႈတစ္ခု ျဖစ္ပြားခဲ့ရာ သုံးဦးေသဆုံးၿပီး ႏွစ္ဦး ဒဏ္ရာရကာ ခုနစ္ဦး ေပ်ာက္ဆုံးေနေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားသည္။ဒန္ကြန္စီရင္စု ကြန္ဒိုၿမိဳ႕တြင္ ယမန္ေန႔ည ၉နာရီခြဲခန႔္တြင္ ေျမၿပိဳမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ကယ္ဆယ္ေရးသမားမ်ား၊ ေဆးဘက္ဆိုင္ရာ လုပ္သားမ်ား၊ မီးသတ္သမား ၅၀၀ ခန႔္ႏွင့္ အနံ႔ခံ ေခြးမ်ားသည္ လူနာတင္ယာဥ္မ်ား၊ ေျမတူးစက္မ်ား၊ ဆက္သြယ္ေရးႏွင့္ လွ်ပ္စစ္ဓာတ္အားေပးေဝေရး အေထာက္အကူျပဳပစၥည္းမ်ား အကူအညီျဖင့္ ေျမၿပိဳမႈ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ခဲ့ၾကသည္။ ေျမမႈထပ္မံျဖစ္ပြား ႏိုင္ေၾကာင္းလည္း တာဝန္ရွိသူမ်ားက သတိေပးခဲ့ သည္။ အေရးေပၚစီမံခန႔္ခြဲေရး၀န္ႀကီးဌာနသည္ သဘာဝေဘးအႏၲရာယ္မ်ားအတြက္ အဆင့္-၄ အေရးေပၚတုံ႔ျပန္မႈစတင္ခဲ့ၿပီး ကယ္ဆယ္ေရး ႀကိဳးပမ္းမႈမ်ားကို ပံ့ပိုးကူညီရန္ အဖြဲ႕တစ္ဖြဲ႕ကို ေစလႊတ္ခဲ့သည္။
ကိုးကား – ဆင္ဟြာ
______________________________
တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား
ပေကျင်း ဇွန် ၂
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယမန်နေ့က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ခုနစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ဒန်ကွန်စီရင်စု ကွန်ဒိုမြို့တွင် ယမန်နေ့ည ၉နာရီခွဲခန့်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများ၊ ဆေးဘက်ဆိုင်ရာ လုပ်သားများ၊ မီးသတ်သမား ၅၀၀ ခန့်နှင့် အနံ့ခံ ခွေးများသည် လူနာတင်ယာဉ်များ၊ မြေတူးစက်များ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးဝေရေး အထောက်အကူပြုပစ္စည်းများ အကူအညီဖြင့် မြေပြိုမှု ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မြေမှုထပ်မံဖြစ်ပွား နိုင်ကြောင်းလည်း တာဝန်ရှိသူများက သတိပေးခဲ့ သည်။ အရေးပေါ်စီမံခန့်ခွဲရေး၀န်ကြီးဌာနသည် သဘာဝဘေးအန္တရာယ်များအတွက် အဆင့်-၄ အရေးပေါ်တုံ့ပြန်မှုစတင်ခဲ့ပြီး ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်။
ကိုးကား – ဆင်ဟွာ