လီဗာပူးသို႔ ေျပာင္းေရႊ႕ရန္ လီဗာကူဆင္ညာေနာက္ခံလူ ဖရင္းေပါင္ ဆႏၵရွိ

လီဗာပူးအသင္းကသာ ေခၚယူဖို႔ ႀကိဳးပမ္းလာမယ္ဆိုရင္ ေလဗာကူဆင္ ညာေနာက္ခံလူ ဖရင္းေပါင္အေနနဲ႔ လီဗာပူးကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ လီဗာပူးဟာ အခုေႏြရာသီမွာ အသင္းကေနထြက္ခြာမယ့္ အာနိုးေနရာမွာ အစားထိုးဖို႔အတြက္ ညာေနာက္ခံကစားသမားသစ္ရွာေဖြေနပါတယ္။ အသက္(၂၄)ႏွစ္အရြယ္ ဖရင္းေပါင္ရဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္(၂၉.၅)သန္းဝန္းက်င္သာရွိပါတယ္။ အျခားကစားသမားေတြကိုလည္း လီဗာပူး စဥ္းစားထားေပမယ့္ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးေခ်ဖို႔ လီဗာပူးသာ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ အေျပာင္းအေရႊ႕က အျမန္ဆုံးျဖစ္ေျမာက္လာဖို႔ရွိပါတယ္။ ဂ်ာမနီမီဒီယာေတြရဲ့ေဖာ္ျပခ်က္အရ အေျပာင္းအေရႊ႕ၿပီးေျမာက္ဖို႔ နီးစပ္ေနၿပီလို႔လည္း သိရပါတယ္။ ကစားသမားနဲ႔နီးစပ္သူေတြကေတာ့ လီဗာပူးအသင္းနဲ႔ ဖရင္းေပါင္တို႔ ေဆြးေႏြးခဲ့တယ္ဆိုတဲ့သတင္းေတြကို ျငင္းဆန္ထားပါတယ္။ ဒါေပမယ့္ ဖရင္းေပါင္ဟာ အခုေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ တံခါးဖြင့္ထားတယ္လို႔ သိရပါတယ္။
_______________________________________________________________
လီဗာပူးသို့ ပြောင်းရွှေ့ရန် လီဗာကူဆင်ညာနောက်ခံလူ ဖရင်းပေါင် ဆန္ဒရှိ
=========================================
လီဗာပူးအသင်းကသာ ခေါ်ယူဖို့ ကြိုးပမ်းလာမယ်ဆိုရင် လေဗာကူဆင် ညာနောက်ခံလူ ဖရင်းပေါင်အနေနဲ့ လီဗာပူးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လီဗာပူးဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာမယ့် အာနိုးနေရာမှာ အစားထိုးဖို့အတွက် ညာနောက်ခံကစားသမားသစ်ရှာဖွေနေပါတယ်။ အသက်(၂၄)နှစ်အရွယ် ဖရင်းပေါင်ရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင်(၂၉.၅)သန်းဝန်းကျင်သာရှိပါတယ်။ အခြားကစားသမားတွေကိုလည်း လီဗာပူး စဉ်းစားထားပေမယ့် စာချုပ်ဖျက်သိမ်းကြေးပေးချေဖို့ လီဗာပူးသာ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့က အမြန်ဆုံးဖြစ်မြောက်လာဖို့ရှိပါတယ်။ ဂျာမနီမီဒီယာတွေရဲ့ဖော်ပြချက်အရ အပြောင်းအရွှေ့ပြီးမြောက်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။ ကစားသမားနဲ့နီးစပ်သူတွေကတော့ လီဗာပူးအသင်းနဲ့ ဖရင်းပေါင်တို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် ဖရင်းပေါင်ဟာ အခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ တံခါးဖွင့်ထားတယ်လို့ သိရပါတယ်။