မော်လမြိုင် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြို့မိမြို့ဖများ၊တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ
===========================
မော်လမြိုင် မေ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် ၊မွန်ပြည်နယ်ပါတီ ခေတ္တဥက္ကဋ္ဌ ဦးသက်ထွေးတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မော်လမြိုင်မြို့၌ မြို့မိမြို့ဖများ၊မွန်၊ပအို့စ်နှင့်ရှမ်းတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများနှင့် နိုင်ငံရေးလုပ်ငန်းစဉ်တို့ကို ပရဟိတစိတ်ဖြင့် ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။