ငလ်င္ေၾကာင့္ပ်က္စီးခဲ့သည့္ ဥပါတသႏၲိေစတီေတာ္ ေျမာက္ဘက္မုခ္ ဓာတ္ေလွခါးကို ျဖဳတ္သိမ္း

မတ္ (၂၈) ရက္က လႈပ္ခတ္ခဲ့သည့္ အင္အားျပင္း ေျမငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ေနျပည္ေတာ္ရွိ ဥပါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ဓာတ္ေလွကားကို ျဖဳတ္သိမ္းေနေၾကာင္း သိရသည္။

ငလ်င္ဒဏ္ေၾကာင့္ ဥပါတသႏၲိေစတီေတာ္ ေျမာက္ဘက္မုခ္ ဓာတ္ေလွခါးအတြင္း ၿပိဳက်ပ်က္စီးမႈမ်ား ရွိခဲ့ျခင္းျဖစ္သည္။

ယင္းသို ျဖဳတ္သိမ္းမႈကို ေနျပည္ေတာ္မီးသတ္ဦးစီးမႉး႐ုံးမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲဝင္မ်ားက 48 meter hydraulic platform ယာဥ္ျဖင့္ ကူညီျဖဳတ္သိမ္းျခင္းႏွင့္ ရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။


ငလျင်ကြောင့်ပျက်စီးခဲ့သည့် ဥပါတသန္တိစေတီတော် မြောက်ဘက်မုခ် ဓာတ်လှေခါးကို ဖြုတ်သိမ်း
=========================
မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေပြည်တော်ရှိ ဥပါတသန္တိစေတီတော်မြတ်ကြီး၏ ဓာတ်လှေကားကို ဖြုတ်သိမ်းနေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် ဥပါတသန္တိစေတီတော် မြောက်ဘက်မုခ် ဓာတ်လှေခါးအတွင်း ပြိုကျပျက်စီးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို ဖြုတ်သိမ်းမှုကို နေပြည်တော်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲဝင်များက 48 meter hydraulic platform ယာဉ်ဖြင့် ကူညီဖြုတ်သိမ်းခြင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။