ဆြာရက္ဇ္ကို ထိုးသတ္ဖို႔ စိန္ေခၚလို္ကတဲ့ အီဗရာ

ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူေဟာင္း အီဗရာသည္ ပထမဆုံးထိုးသတ္မည့္ MMA ပြဲစဥ္တြင္ တစ္ခ်ိန္က ျပႆနာျဖစ္ခဲ့ဖူးသည့္ ဆြာရက္ဇ္ ႏွင့္ထိုးသတ္ရန္ စိန္ေခၚခဲ့ေၾကာင္း သိရသည္။
အသက္(၄၃)ႏွစ္ရွိၿပီျဖစ္သူ အီဗရာသည္ ေမ(၂၃)ရက္က်င္းပမည့္ PFL Europe Paris ၿပိဳင္ပြဲတြင္ ပထမဆုံး MMA ပြဲစဥ္ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္သည္။
မြန္ဇာ၊ ႏိုက္စ္၊ မိုနာကို၊ မန္ယူ၊ ဂ်ဴဗင္တပ္စ္၊ မာေဆးလ္၊ ဝက္စ္ဟမ္းစသည့္ ဥေရာပထိပ္တန္းကလပ္မ်ားစြာတြင္ ကစားခဲ့ဖူးသည့္ ဘယ္ေနာက္ခံလူေဟာင္း အီဗရာသည္ ကစားသမားဘဝမွ အနားမယူခင္ကတည္းက PFL တြင္ ထိုးသတ္ေနသည့္ နာမည္ႀကီး ျပင္သစ္ MMA ကစားသမား စီဒရစ္ဒြန္ဘီႏွင့္ ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့သည္။
ပါရီၿမိဳ႕ရွိ Accor Arena ၌ ေမ(၂၃)ရက္က်င္းပမည့္ PFL ၿပိဳင္ပြဲအတြက္ အီဗရာ၏ၿပိဳင္ဘက္ကို မသိရေသးေသာ္လည္း ၎က ပရီးမီးယားလိဂ္၌ ကစားစဥ္ လူမ်ိဳးေရးခြဲျခားမႈျပႆနာ ျဖစ္ခဲ့ဖူးသည့္ ဥ႐ုေဂြးတိုက္စစ္မႉး ဆြာရက္ဇ္ႏွင့္ ထိုးသတ္လိုေၾကာင္း စိန္ေခၚခဲ့ျခင္းျဖစ္သည္။
”PFL Euripe ၿပိဳင္ပြဲမွာ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးပြဲစဥ္အတြက္ တရားဝင္ေလ့က်င့္မႈလုပ္ေနပါတယ္။ ကြၽန္ေတာ့္ရဲ႕ၿပိဳင္ဘက္ကို သူတို႔ေ႐ြးခ်ယ္ေပးမွာပါ။ ဘယ္သူနဲ႔ထိုးခ်င္လဲလို႔ သူတို႔ကေမးၾကတယ္။ ကြၽန္ေတာ္က လူးဝစ္ဆြာရက္ဇ္လို႔ ေျပာလိုက္တယ္။ ကြၽန္ေတာ့္အိတ္ထဲက စိုက္ေပးမွာပါ။ သူ (ဆြာရက္ဇ္) က ကြၽန္ေတာ့္ကို ကိုက္ရင္ကိုက္လိမ့္မယ္” ဟု အီဗရာက X မွတစ္ဆင့္ ေျပာၾကားသည္။
အီဗရာသည္ မန္ယူအသင္း၌ကစားေနစဥ္ ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာတြင္ လီဗာပူးလ္အသင္းတိုက္စစ္မႉး ဆြာရက္ဇ္ (ယခု အင္တာမိုင္ယာမီ) ၏ လူမ်ိဳးေရးခြဲျခားမႈခံခဲ့ရသည္။
ဆြာရက္ဇ္မွာ ယင္းျဖစ္ရပ္ေၾကာင့္ (၈)ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရၿပီး ၎တို႔(၂)ဦးအၾကား မေက်လည္မႈမ်ားအတြက္ အီဗရာက စိန္ေခၚခဲ့ျခင္းျဖစ္သည္။
”ကြၽန္ေတာ္က ကမာၻ႔အႀကီးက်ယ္ဆုံးအဆင့္ေတြမွာ စြမ္းေဆာင္ျပခဲ့ၿပီးပါၿပီ။ ေဘာလုံးမွာ အဓိကဆုဖလားအားလုံး ကြၽန္ေတာ္ရယူႏိုင္ခဲ့တယ္။ ဒါေပမဲ့ PFL Europe Paris က ကြၽန္ေတာ့္အတြက္ မယုံႏိုင္ေလာက္ေအာင္ ထူးျခားတဲ့ညျဖစ္လာမွာပါ။ ကြၽန္ေတာ္က ကမာၻ႔အေကာင္းဆုံးကစားသမားေတြနဲ႔ အတူေလ့က်င့္ေနတာ ႏွစ္နဲ႔ခ်ီေနပါၿပီ။ ဒီပြဲအတြက္ ကြၽန္ေတာ္ အဆင္သင့္ျဖစ္ေနၿပီဆိုတာ သူတို႔ ေျပာျပပါလိမ့္မယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။


ဆွာရက်ဇ်ကို ထိုးသတ်ဖို့ စိန်ခေါ်လို်ကတဲ့ အီဗရာ
===================
ပြင်သစ်လက်ရွေးစင် နောက်ခံလူဟောင်း အီဗရာသည် ပထမဆုံးထိုးသတ်မည့် MMA ပွဲစဉ်တွင် တစ်ချိန်က ပြဿနာဖြစ်ခဲ့ဖူးသည့် ဆွာရက်ဇ် နှင့်ထိုးသတ်ရန် စိန်ခေါ်ခဲ့ကြောင်း သိရသည်။
အသက်(၄၃)နှစ်ရှိပြီဖြစ်သူ အီဗရာသည် မေ(၂၃)ရက်ကျင်းပမည့် PFL Europe Paris ပြိုင်ပွဲတွင် ပထမဆုံး MMA ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
မွန်ဇာ၊ နိုက်စ်၊ မိုနာကို၊ မန်ယူ၊ ဂျူဗင်တပ်စ်၊ မာဆေးလ်၊ ဝက်စ်ဟမ်းစသည့် ဥရောပထိပ်တန်းကလပ်များစွာတွင် ကစားခဲ့ဖူးသည့် ဘယ်နောက်ခံလူဟောင်း အီဗရာသည် ကစားသမားဘဝမှ အနားမယူခင်ကတည်းက PFL တွင် ထိုးသတ်နေသည့် နာမည်ကြီး ပြင်သစ် MMA ကစားသမား စီဒရစ်ဒွန်ဘီနှင့် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
ပါရီမြို့ရှိ Accor Arena ၌ မေ(၂၃)ရက်ကျင်းပမည့် PFL ပြိုင်ပွဲအတွက် အီဗရာ၏ပြိုင်ဘက်ကို မသိရသေးသော်လည်း ၎င်းက ပရီးမီးယားလိဂ်၌ ကစားစဉ် လူမျိုးရေးခွဲခြားမှုပြဿနာ ဖြစ်ခဲ့ဖူးသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
”PFL Euripe ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ ပထမဆုံးပွဲစဉ်အတွက် တရားဝင်လေ့ကျင့်မှုလုပ်နေပါတယ်။ ကျွန်တော့်ရဲ့ပြိုင်ဘက်ကို သူတို့ရွေးချယ်ပေးမှာပါ။ ဘယ်သူနဲ့ထိုးချင်လဲလို့ သူတို့ကမေးကြတယ်။ ကျွန်တော်က လူးဝစ်ဆွာရက်ဇ်လို့ ပြောလိုက်တယ်။ ကျွန်တော့်အိတ်ထဲက စိုက်ပေးမှာပါ။ သူ (ဆွာရက်ဇ်) က ကျွန်တော့်ကို ကိုက်ရင်ကိုက်လိမ့်မယ်” ဟု အီဗရာက X မှတစ်ဆင့် ပြောကြားသည်။
အီဗရာသည် မန်ယူအသင်း၌ကစားနေစဉ် ၂၀၁၁ ခုနှစ် အောက်တိုဘာတွင် လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆွာရက်ဇ် (ယခု အင်တာမိုင်ယာမီ) ၏ လူမျိုးရေးခွဲခြားမှုခံခဲ့ရသည်။
ဆွာရက်ဇ်မှာ ယင်းဖြစ်ရပ်ကြောင့် (၈)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ၎င်းတို့(၂)ဦးအကြား မကျေလည်မှုများအတွက် အီဗရာက စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်က ကမ္ဘာ့အကြီးကျယ်ဆုံးအဆင့်တွေမှာ စွမ်းဆောင်ပြခဲ့ပြီးပါပြီ။ ဘောလုံးမှာ အဓိကဆုဖလားအားလုံး ကျွန်တော်ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ PFL Europe Paris က ကျွန်တော့်အတွက် မယုံနိုင်လောက်အောင် ထူးခြားတဲ့ညဖြစ်လာမှာပါ။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ အတူလေ့ကျင့်နေတာ နှစ်နဲ့ချီနေပါပြီ။ ဒီပွဲအတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပြီဆိုတာ သူတို့ ပြောပြပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ eleven