စင္ကာပူဖိတ္ေခၚ ေျပးခုန္ပစ္ၿပိဳင္ပြဲတြင္ ျမန္မာေျပးခုန္ပစ္အဖြဲ႕မွ ေ႐ႊတံဆိပ္ေလးခု ဆြတ္ခူးရရွိ

ၿပီးခဲ့သည့္ ဧၿပီ ၂၄ ရက္ႏွင့္ ၂၅ တို႔တြင္ Singapore SportsHub ၌ က်င္းပခဲ့ေသာ (၈၅)ႀကိမ္ေျမာက္ စကၤာပူဖိတ္ေခၚၿပိဳင္ပြဲတြင္ ျမန္မာေျပးခုန္ပစ္အားကစားအဖြဲ႕မွ ေ႐ႊတံဆိပ္ေလးခု ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း အဆိုပါ အသင္းထံမွသိရသည္။
ဧၿပီ ၂၄ ရက္ ပြဲစဥ္မ်ားတြင္ပါဝင္ယွဥ္ၿပိဳင္ၾကေသာ ျမန္မာေျပးခုန္ပစ္အားကစားအဖြဲ႕မွ အမ်ိဳးသမီးႀကိဳးတပ္သံလုံးပစ္တြင္ သြယ္သြယ္မိုး မွ ေ႐ႊတံဆိပ္အား ၄၇.၃၈ မီတာျဖင့္လည္းေကာင္း၊ အမ်ိဳးသမီး ၁၀၀၀၀ မီတာ လမ္းေလွ်ာက္ၿပိဳင္ပြဲတြင္ ဝင္းဝင္းခိုင္ မွ ေ႐ႊတံဆိပ္အား (၅၉:၁၅.၆၀)ျဖင့္လည္းေကာင္း၊အမ်ိဳးသား ၁၀၀၀၀ မီတာ လမ္းေလွ်ာက္ၿပိဳင္ပြဲတြင္ သန႔္စင္ေအာင္ မွ ေ႐ႊတံဆိပ္အား (၅၀:၃၆.၁၁)ျဖင့္လည္း‌ေကာင္း၊ (၂၅)ရက္ပြဲစဥ္၌ ‌အမ်ိဳးသား မီတာ ၈၀၀ ၿပိဳင္ပြဲတြင္ ျမန္မာတာလတ္အေျပးသမား ဟိန္းထက္ေအာင္က (၁:၅၀:၅၉ ) ျဖင့္ ပထမေ႐ြတံဆိပ္တစ္ခုကိုထပ္မံဆြတ္ခူးခဲ့ေၾကာင္း သိရသည္။


စင်ကာပူဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အဖွဲ့မှ ရွှေတံဆိပ်လေးခု ဆွတ်ခူးရရှိ
===================
ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နှင့် ၂၅ တို့တွင် Singapore SportsHub ၌ ကျင်းပခဲ့သော (၈၅)ကြိမ်မြောက် စင်္ကာပူဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ ရွှေတံဆိပ်လေးခု ဆွတ်ခူးနိုင်ခဲ့ကြောင်း အဆိုပါ အသင်းထံမှသိရသည်။
ဧပြီ ၂၄ ရက် ပွဲစဉ်များတွင်ပါဝင်ယှဉ်ပြိုင်ကြသော မြန်မာပြေးခုန်ပစ်အားကစားအဖွဲ့မှ အမျိုးသမီးကြိုးတပ်သံလုံးပစ်တွင် သွယ်သွယ်မိုး မှ ရွှေတံဆိပ်အား ၄၇.၃၈ မီတာဖြင့်လည်းကောင်း၊ အမျိုးသမီး ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် ဝင်းဝင်းခိုင် မှ ရွှေတံဆိပ်အား (၅၉:၁၅.၆၀)ဖြင့်လည်းကောင်း၊အမျိုးသား ၁၀၀၀၀ မီတာ လမ်းလျှောက်ပြိုင်ပွဲတွင် သန့်စင်အောင် မှ ရွှေတံဆိပ်အား (၅၀:၃၆.၁၁)ဖြင့်လည်း‌ကောင်း၊ (၂၅)ရက်ပွဲစဉ်၌ ‌အမျိုးသား မီတာ ၈၀၀ ပြိုင်ပွဲတွင် မြန်မာတာလတ်အပြေးသမား ဟိန်းထက်အောင်က (၁:၅၀:၅၉ ) ဖြင့် ပထမရွေတံဆိပ်တစ်ခုကိုထပ်မံဆွတ်ခူးခဲ့ကြောင်း သိရသည်။