အဂၤလိပ္ကစ္ေဘာင္ဆင္သမားနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ စိုးလင္းဦး

ျမန္မာလက္ေဝွ႔အေက်ာ္အေမာ္ စိုးလင္းဦးသည္ အေမရိကန္ႏိုင္ငံ၌ ၾသဂုတ္လ ၁ ရက္တြင္ က်င္းပမည့္ ONE 173 ပြဲစဥ္တြင္ အဂၤလိပ္ကစ္ေဘာင္ဆင္သမား လီယမ္ဟာရီဆင္ႏွင့္ ဘင္တန္ဝိတ္တန္း ေမြထိုင္းပြဲစဥ္ ထိုးသတ္မည္ျဖစ္ေၾကာင္း ONE Championship က အတည္ျပဳေၾကညာခဲ့ပါတယ္။

စိုးလင္းဦး(၃၃ ႏွစ္)သည္ ONE လက္ေအာက္တြင္ ေျခာက္ပြဲထိုးသတ္ရာ သုံးပြဲႏိုင္၊ သုံးပြဲရႈံးထား ၿပီး အေစာပိုင္းသုံးပြဲစလုံး အလဲထိုးအႏိုင္ရခဲ့ေသာ္လည္း ေနာက္ဆုံး သုံးပြဲဆက္ အမွတ္ျဖင့္ အေရးနိမ့္ခဲ့ရပါတယ္။

ဟာရီဆင္(၃၉ ႏွစ္)မွာမူ ONE လက္ေအာက္တြင္ ေျခာက္ပြဲထိုးသတ္ရာ ႏွစ္ပြဲႏိုင္၊ ေလးပြဲရံႈး မွတ္တမ္း ရရွိထားပါတယ္။


အင်္ဂလိပ်ကစ်ဘောင်ဆင်သမားနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် စိုးလင်းဦး
==================
မြန်မာလက်ဝှေ့အကျော်အမော် စိုးလင်းဦးသည် အမေရိကန်နိုင်ငံ၌ သြဂုတ်လ ၁ ရက်တွင် ကျင်းပမည့် ONE 173 ပွဲစဉ်တွင် အင်္ဂလိပ်ကစ်ဘောင်ဆင်သမား လီယမ်ဟာရီဆင်နှင့် ဘင်တန်ဝိတ်တန်း မွေထိုင်းပွဲစဉ် ထိုးသတ်မည်ဖြစ်ကြောင်း ONE Championship က အတည်ပြုကြေညာခဲ့ပါတယ်။

စိုးလင်းဦး(၃၃ နှစ်)သည် ONE လက်အောက်တွင် ခြောက်ပွဲထိုးသတ်ရာ သုံးပွဲနိုင်၊ သုံးပွဲရှုံးထား ပြီး အစောပိုင်းသုံးပွဲစလုံး အလဲထိုးအနိုင်ရခဲ့သော်လည်း နောက်ဆုံး သုံးပွဲဆက် အမှတ်ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။

ဟာရီဆင်(၃၉ နှစ်)မှာမူ ONE လက်အောက်တွင် ခြောက်ပွဲထိုးသတ်ရာ နှစ်ပွဲနိုင်၊ လေးပွဲရံှုး မှတ်တမ်း ရရှိထားပါတယ်။