ဒူတာေတးကိုဖမ္းဆီးမႈ လက္ရွိဖိလစ္ပိုင္အစိုးရ ပူးေပါင္းပါ၀င္ခဲ့ဟု ICC ဖြင့္ဟမႈအေပၚ ဖိလစ္ပိုင္အစိုးရ ျငင္းဆို
ဖိလစ္ပိုင္ သမၼတေဟာင္း ဒူတာေတးကို ႏိူင္ငံတကာရာဇဝတ္ခုံ႐ုံး ICC ဖမ္းဆီးမႈတြင္ လက္ရွိအစိုးရ အေနျဖင့္ ႀကိဳတင္သိရွိထားၿပီး ညႇိဳႏႈိင္းေဆာင္႐ြက္ေတာင္းဆိုထားမႈမ်ား ရွိေၾကာင္း ICCမွထုတ္ျပန္ သည့္စာ႐ြက္စာတမ္းမ်ားတြင္ေဖၚျပထားသည္။
အဆိုပါ စာ႐ြက္စာတမ္းမ်ားတြင္ ဖိလစ္ပိုင္အာဏာပိုင္မ်ားႏွင့္ ႏိုင္ငံတကာေအဂ်င္စီမ်ားအၾကား ႀကိဳတင္ညႇိႏႈိင္းမႈမ်ား အေသးစိတ္ေဖာ္ျပထားၿပီး အစိုးရအေနျဖင့္ ဖမ္းဆီးရန္ေတာင္းဆိုမႈကို အေၾကာင္းၾကား႐ုံသာမက လိုက္နာရန္လည္း သေဘာတူထားေၾကာင္း ေဖာ္ျပသည္။
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးသည္ ၿပီးခဲ့သည့္ အဂၤါေန႔က ေဟာင္ေကာင္မွ ေရာက္ရွိလာၿပီး မၾကာမီ နာရီပိုင္းအၾကာတြင္ The Hague ရွိ ႏိုင္ငံတကာ ရာဇ၀တ္တရား႐ုံး (ICC) ဌာနခ်ဳပ္သို႔ ေလယာဥ္ျဖင့္ ပို႔ေဆာင္ခဲ့ၿပီး ၎၏ သမၼတသက္တမ္းအတြင္း မူးယစ္ေဆးဝါး စစ္ပြဲႏွင့္ ဆက္ႏႊယ္သည့္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ားႏွင့္ ဆက္ႏႊယ္မႈ စြပ္စြဲခ်က္ျဖင့္ တရားရင္ဆိုင္ေနရသည္။ဖိလစ္ပိုင္လက္ရွိအစိုးရဘက္မွ ဖမ္းဝရမ္းကို ႀကိဳတင္သိရွိထားျခင္းမရွိေၾကာင္း တာဝန္ရွိသူမ်ားက ျငင္းဆိုထားသည္။
ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးကို ICC မွဖမ္းဆီခဲ့သည့္အတြက္ ဖိလစ္ပိုင္ႏိုင္ငံအႏွံ႔အျပားတြင္ ျပည္သူမ်ားမွ လက္ရွိအာဏာပိုင္ဖိလစ္ပိုင္ အစိုးရကို ဆန႔္က်င္ဆႏၵျပမႈမ်ား ျဖစ္ေပၚေနသည္။
ဒူတာတေးကိုဖမ်းဆီးမှု လက်ရှိဖိလစ်ပိုင်အစိုးရ ပူးပေါင်းပါ၀င်ခဲ့ဟု ICC ဖွင့်ဟမှုအပေါ် ဖိလစ်ပိုင်အစိုးရ ငြင်းဆို
=========================
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို နိူင်ငံတကာရာဇဝတ်ခုံရုံး ICC ဖမ်းဆီးမှုတွင် လက်ရှိအစိုးရ အနေဖြင့် ကြိုတင်သိရှိထားပြီး ညှိုနှိုင်းဆောင်ရွက်တောင်းဆိုထားမှုများ ရှိကြောင်း ICCမှထုတ်ပြန် သည့်စာရွက်စာတမ်းများတွင်ဖေါ်ပြထားသည်။
အဆိုပါ စာရွက်စာတမ်းများတွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် နိုင်ငံတကာအေဂျင်စီများအကြား ကြိုတင်ညှိနှိုင်းမှုများ အသေးစိတ်ဖော်ပြထားပြီး အစိုးရအနေဖြင့် ဖမ်းဆီးရန်တောင်းဆိုမှုကို အကြောင်းကြားရုံသာမက လိုက်နာရန်လည်း သဘောတူထားကြောင်း ဖော်ပြသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟောင်ကောင်မှ ရောက်ရှိလာပြီး မကြာမီ နာရီပိုင်းအကြာတွင် The Hague ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ဌာနချုပ်သို့ လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ၎င်း၏ သမ္မတသက်တမ်းအတွင်း မူးယစ်ဆေးဝါး စစ်ပွဲနှင့် ဆက်နွှယ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည်။ဖိလစ်ပိုင်လက်ရှိအစိုးရဘက်မှ ဖမ်းဝရမ်းကို ကြိုတင်သိရှိထားခြင်းမရှိကြောင်း တာဝန်ရှိသူများက ငြင်းဆိုထားသည်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC မှဖမ်းဆီခဲ့သည့်အတွက် ဖိလစ်ပိုင်နိုင်ငံအနှံ့အပြားတွင် ပြည်သူများမှ လက်ရှိအာဏာပိုင်ဖိလစ်ပိုင် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။