#Popular News
ယူနန်ပြည်နယ်မှ အသင်းတစ်သင်းက နေပြည်တော်တွင် ကျေးလက်ဒေသသောက်သုံးရေရှိရေးစီမံကိန်းကိုဖော်ဆောင်နေ
==============
ယူနန်ပြည်နယ်မှ ယူနန်ပြည်နယ် အစားထိုးစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်များ အသင်းက နေပြည်တော်၌ “စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်-မြန်မာနိုင်ငံနေပြည်တော်ကောင်စီနယ်မြေကျေးလက်ဒေသသောက်သုံးရေရရှိရေးစီမံကိန်း”ကို ၂၀၂၃ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံးကူညီတည်ဆောက်ခဲ့သော နေ ရောင်ခြည်စွမ်းအင်သုံးရေတွင်းအား နေပြည်တော်ရှိ တဲကြီးကုန်းကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင်စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း သိရသည်။
ယင်း ရေတွင်းသည် ရွာသူ၊ရွာသား ၁၀၀၀ ကျော်အတွက် နွေရာသီလယ်ယာထုတ်ကုန်နှင့် အိမ်တွင်းရေအသုံးပြုမှုပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ခဲ့ပြီး ဒုတိယမြောက် ဘက်စုံသုံး နေ ရောင်ခြည်စွမ်းအင်သုံးရေတွင်းကိုလည်း ဇူလိုင်လအတွင်း၌တူးဖော်ပြီးစီးကာ စတင်အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။