ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ နိုင္ငံ့အက်ိဳးျပဳအဖြဲ႕ အစည္းမ်ားမွ တာဝန္ခံမ်ားႏွင့္ေတြ႕ဆုံ
စက္တင္ဘာ ၂၇၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၇-၉-၂၀၂၄ ရက္ေန႔ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ဗဟိုအလုပ္အမွုေဆာင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးတိုႏွင့္အတူ ပါတီဌာနခ်ဳပ္ (ရန္ကုန္႐ုံးခြဲ)တြင္ နိုင္ငံ့အက်ိဳးျပဳ အဖြဲ႕အစည္းအသီးသီးမွ တာဝန္ခံ (၃၀)ဦးျဖင့္ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဥကၠ႒ ဦးခင္ရီက နိုင္ငံေတာ္မွ ေဆာင္ရြက္လ်က္ရွိေသာ လုပ္ငန္းစဥ္မ်ားအေပၚ မိမိက်ရာက႑မွ စိတ္ရင္းေစတနာအျပည့္ျဖင့္ ဝိုင္းဝန္း ေဆာင္ရြက္ၾကေရး၊ နိုင္ငံေတာ္၏ အေျခခံျဖစ္ေသာ ေက်းလက္ေဒသအတြင္း တရားဉပေဒစိုးမိုးေရးႏွင့္ ရပ္ရြာေအးခ်မ္းသာယာေရးအတြက္ ဝိုင္းဝန္းကူညီ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား၊ ၎တို႔၏ အျမင္ရွုေထာင့္မ်ား၊ အႀကံျပဳခ်က္မ်ား၊ သိလိုသည္မ်ားကို ေမးျမန္းျခင္းႏွင့္ ေျဖၾကားျခင္းတို႔အျပင္ ေနာင္တြင္လည္း ယခုကဲ့သို႔ရင္းႏွီးပြင့္လင္းစြာ ေတြ႕ဆုံေဆြးေႏြးၾကေရးအတြက္ ဆက္သြယ္ရမည့္ လူပုဂၢိဳလ္အမည္စာရင္း သတ္မွတ္ေပးေရးကိစၥတို႔အား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကပါသည္။
ေတြ႕ဆုံပြဲ၏ နိဂုံးခ်ဳပ္အပိုင္းတြင္ ပါတီဉကၠ႒ ဦးခင္ရီက ၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔တြင္ စတင္ေဆာင္ရြက္မည့္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း ေကာက္ယူေရးလုပ္ငန္းသည္ နိုင္ငံေတာ္ အတြက္ အလြန္အေရးႀကီးသည့္ လုပ္ငန္းစဥ္ျဖစ္သည့္အတြက္ မိမိတို႔ သက္ဆိုင္ရာ နယ္ေျမအတြင္း လိုအပ္သည္မ်ားကို ဝိုင္းဝန္းကူညီေဆာင္ရြက္ေပးၾကပါရန္ ႏွင့္ လက္လွမ္းမီရာကိုလည္း ျဖန႔္ေဝအသိေပးၾကပါရန္ တိုက္တြန္း ေျပာၾကားခဲ့ၿပီး ေတြ႕ဆုံပြဲကို ေန႔လည္ (၁၂၄၀)အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံ့အကျိုးပြုအဖွဲ့ အစည်းများမှ တာဝန်ခံများနှင့်တွေ့ဆုံ
=======================================
စက်တင်ဘာ ၂၇၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၇-၉-၂၀၂၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတိုနှင့်အတူ ပါတီဌာနချုပ် (ရန်ကုန်ရုံးခွဲ)တွင် နိုင်ငံ့အကျိုးပြု အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ (၃၀)ဦးဖြင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအပေါ် မိမိကျရာကဏ္ဍမှ စိတ်ရင်းစေတနာအပြည့်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရေး၊ နိုင်ငံတော်၏ အခြေခံဖြစ်သော ကျေးလက်ဒေသအတွင်း တရားဉပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ၎င်းတို့၏ အမြင်ရှုထောင့်များ၊ အကြံပြုချက်များ၊ သိလိုသည်များကို မေးမြန်းခြင်းနှင့် ဖြေကြားခြင်းတို့အပြင် နောင်တွင်လည်း ယခုကဲ့သို့ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးကြရေးအတွက် ဆက်သွယ်ရမည့် လူပုဂ္ဂိုလ်အမည်စာရင်း သတ်မှတ်ပေးရေးကိစ္စတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲ၏ နိဂုံးချုပ်အပိုင်းတွင် ပါတီဉက္ကဋ္ဌ ဦးခင်ရီက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော် အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် မိမိတို့ သက်ဆိုင်ရာ နယ်မြေအတွင်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် နှင့် လက်လှမ်းမီရာကိုလည်း ဖြန့်ဝေအသိပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် (၁၂၄၀)အချိန်တွင် ရုတ်သိမ်းခဲ့ ပါသည်။