ယူရို ၂၀၂၄ ခ်န္ပီယံ စပိန္အသင္း ေအာင္ပြဲခံသည့္ အခမ္းအနားတြင္ ဂ်ီဘေရာ္တာနိုင္ငံကို ျပစ္တင္ေဝဖန္သည့္ သီခ်င္းသီဆိုသည့္အတြက္ ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္က စုံစမ္းစစ္ေဆးေန

စပိန္အသင္း ကစားသမားႏွစ္ဦးျဖစ္သည့္ တိုက္စစ္မႉး မိုရာတာႏွင့္ ကြင္းလယ္ကစားသမား ရိုဒရီတို႔သည္ ယူရို ၂၀၂၄ ခ်န္ပီယံဆုဖလားႏွင့္ ေအာင္ပြဲခံသည့္ အခမ္းအနားတြင္ ဂ်ီဘေရာ္တာနိုင္ငံကို ျပစ္တင္ေဝဖန္သည့္ စာသားမ်ားပါဝင္ေသာ သီခ်င္းသီဆိုခဲ့သည့္ အတြက္ ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္က စုံစမ္းစစ္ေဆး မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

စပိန္အသင္းသည္ ယူရို ၂၀၂၄ ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဖလား ဆြတ္ခူးနိုင္ၿပီးေနာက္ စပိန္နိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ရာတြင္ ခ်န္ပီယံဆုဖလားႏွင့္ ေအာင္ပြဲခံအခမ္းအနား က်င္းပခဲ့ရာ မိုရာတာႏွင့္ ရိုဒရီတို႔သည္ နိုင္ငံေရးအရ ဆက္ႏႊယ္ေနသည့္ ဂ်ီဘေရာ္တာနိုင္ငံကို ျပစ္တင္ေဝဖန္သည့္ စာသားမ်ား ပါဝင္ေသာ သီခ်င္းကိုသီဆိုကာ ေအာင္ပြဲခံခဲ့ျခင္းျဖစ္သည္။

မိုရာတာႏွင့္ရိုဒရီတို႔ ဂ်ီဘေရာ္တာနိုင္ငံကိုျပစ္တင္ ေဝဖန္သည့္ စာသားမ်ား ပါဝင္ေသာသီခ်င္း သီဆို ေအာင္ပြဲခံေနသည့္ ဗီဒီယို လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံ့လာၿပီးေနာက္ ဂ်ီဘေရာ္တာနိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၿပီး ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္း စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး အေရးယူေပးရန္ ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့သည္။

လက္ရွိတြင္ အဆိုပါျဖစ္ရပ္အတြက္ ဥေရာပေဘာလုံး အဖြဲ႕ခ်ဳပ္က စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနၿပီး ျပစ္မႈ ထင္ရွားပါက အေရးယူခံရဖြယ္ရွိေနေၾကာင္း သိရသည္။

________________________________

ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်း အောင်ပွဲခံသည့် အခမ်းအနားတွင် ဂျီဘရော်တာနိုင်ငံကို ပြစ်တင်ဝေဖန်သည့် သီချင်းသီဆိုသည့်အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးနေ

စပိန်အသင်း ကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး မိုရာတာနှင့် ကွင်းလယ်ကစားသမား ရိုဒရီတို့သည် ယူရို ၂၀၂၄ ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံသည့် အခမ်းအနားတွင် ဂျီဘရော်တာနိုင်ငံကို ပြစ်တင်ဝေဖန်သည့် စာသားများပါဝင်သော သီချင်းသီဆိုခဲ့သည့် အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။

စပိန်အသင်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ပြီးနောက် စပိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ရာတွင် ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံအခမ်းအနား ကျင်းပခဲ့ရာ မိုရာတာနှင့် ရိုဒရီတို့သည် နိုင်ငံရေးအရ ဆက်နွှယ်နေသည့် ဂျီဘရော်တာနိုင်ငံကို ပြစ်တင်ဝေဖန်သည့် စာသားများ ပါဝင်သော သီချင်းကိုသီဆိုကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

မိုရာတာနှင့်ရိုဒရီတို့ ဂျီဘရော်တာနိုင်ငံကိုပြစ်တင် ဝေဖန်သည့် စာသားများ ပါဝင်သောသီချင်း သီဆို အောင်ပွဲခံနေသည့် ဗီဒီယို လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာပြီးနောက် ဂျီဘရော်တာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဥရောပ ဘောလုံးအဖွဲ့ချုပ်ကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် အဆိုပါဖြစ်ရပ်အတွက် ဥရောပဘောလုံး အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ထင်ရှားပါက အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။