ပီအက္စ္ဂ်ီ၊ ေလဗာကူဆင္၊ မန္ယူနဲ႔ ဘာစီလိုနာအမ်ိဳးသမီးအသင္း ဖလားအသီးသီးဆြတ္ခူး
ပီအက္စ္ဂ်ီက လိုင္ယြန္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အနိုင္ယူၿပီး သူတို႔အတြက္ စံခ်ိန္တင္ ၁၅ ႀကိမ္ေျမာက္ ျပင္သစ္ဖလားကို ရယူသြားခ်ိန္မွာပဲ တိုက္စစ္မႉး အမ္ဘက္ေပက ပီအက္စ္ဂ်ီအတြက္ ၃၀၈ ႀကိမ္ေျမာက္နဲ႔ ေနာက္ဆုံးအႀကိမ္ပြဲထြက္ကစားခဲ့ကာ ေနာက္ထပ္ဖလားတစ္လုံးကို ရယူသြားခဲ့ပါတယ္။
ဘက္ေပက ပီအက္စ္ဂ်ီအတြက္ ကလပ္စံခ်ိန္တင္ ၂၅၆ ဂိုး သြင္းယူခဲ့တာနဲ႔အတူ လီဂူးဝမ္းဖလား ေျခာက္ႀကိမ္၊ ျပင္သစ္ဖလား ေလးႀကိမ္နဲ႔ လိဂ္ဖလား ႏွစ္ႀကိမ္ ရရွိခဲ့ကာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ပါတယ္။
ဂ်ာမနီမွာေတာ့ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ေလဗာကူဆင္က ပထမတန္းမွ ကိုင္ဆာစေလာ့တန္ကို တစ္ဂိုး-ဂိုးမရွိနဲ႔အနိုင္ယူၿပီး ဂ်ာမန္ဖလားကို ရယူနိုင္ခဲ့လို႔ တစ္ႏွစ္တည္းမွာ ဖလားႏွစ္လုံး ပထမဆုံးအႀကိမ္ ရယူသြားခဲ့ပါတယ္။
ဥေရာပစံခ်ိန္လည္း ျဖစ္တဲ့ ၅၁ ပြဲကို ရႈံးပြဲမရွိဘဲ ခ်ီတက္ခဲ့တဲ့ နည္းျပအလြန္ဆိုရဲ့ ေလဗာကူဆင္က ၿပီးခဲ့တဲ့ ဗုဒၵဟူးေန႔ကေတာ့ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ အီတလီမွ အတၱလန္တာကို ရႈံးနိမ့္ခဲ့တာကိုေမ့ေဖ်ာက္ပစ္ကာ ဂ်ာမန္ဖလားကို ရယူသြားခဲ့တာပါ။
အဂၤလန္က မန္ယူအသင္းကေတာ့ သူတို႔ရာသီအတြက္ အေကာင္းဆုံးကစားပုံကို ေနာက္ဆုံးပြဲက်မွ ျပသခဲ့ၿပီး အမွတ္ေပးခ်န္ပီယံနဲ႔ အက္ေအဖလားကို ႏွစ္ႏွစ္ဆက္တိုက္ ရယူတဲ့ ပထမဆုံးအသင္းျဖစ္ေရး မန္စီးတီးရဲ့ အိပ္မက္ကို ဖ်က္ဆီးပစ္ခဲ့ပါတယ္။ မန္ယူက မန္စီးတီးကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အနိုင္ယူကာ ရွစ္ႏွစ္အတြင္း ပထမဆုံးနဲ႔ သမိုင္းတစ္ေလၽွာက္ ၁၃ ႀကိမ္ေျမာက္ အက္ဖ္ေအဖလားကို ရယူသြားခဲ့ပါတယ္။ မန္ယူအတြက္ အနိုင္ဂိုးေတြကို ဒီႏွစ္မွာ အေကာင္းဆုံး ေျခစြမ္းျပသခဲ့ၾကသူ လူငယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဂါနာခ်ိဳနဲ႔ ကိုဘီမိုင္ႏူးတို႔က သြင္းယူခဲ့ၾကပါတယ္။
အမ်ိဳးသမီးေဘာလုံး ဥေရာပခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာေတာ့ ဘာစီလိုနာအမ်ိဳးသမီးအသင္းက ရွစ္ႀကိမ္စံခ်ိန္တင္ခ်န္ပီယံ လိုင္ယြန္ကို သူတို႔ရဲ့ အေကာင္းဆုံးကစားသမားႏွစ္ဦး ျဖစ္တဲ့ ဘြန္မာတီနဲ႔ ပ်ဴတဲလက္စ္တို႔ရဲ့ ဂိုးေတြနဲ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အနိုင္ယူကာ သုံးႀကိမ္ေျမာက္ဖလားကို ရယူသြားခဲ့ပါတယ္။
လက္ရွိခ်န္ပီယံ ဘာစီလိုနာက ျပင္သစ္အသင္းႀကီးလိုင္ယြန္ကို ဘယ္တုန္းကမွ အနို္ငမရခဲ့ဘဲ ၂၀၁၉ နဲ႔ ၂၀၂၂ ခုႏွစ္ဗိုလ္လုပြဲေတြကို ရႈံးနိမ့္ၿပီး ဒီႏွစ္မွ လက္စားေခ်နိုင္ခဲ့တာျဖစ္ပါတယ္။
ဒါနဲ႔အတူ ဘာစီလိုနာက နည္းၿပ ဂၽြန္နာတန္းဂီရယ္ဒက္ဇ္ရဲ့ ေနာက္ဆုံးရာသီမွာ ဖလားေလးလုံး သိမ္းပိုက္နိုင္ခဲ့ပါတယ္။
=======
ပီအက်စ်ဂျီ၊ လေဗာကူဆင်၊ မန်ယူနဲ့ ဘာစီလိုနာအမျိုးသမီးအသင်း ဖလားအသီးသီးဆွတ်ခူး
ပီအက်စ်ဂျီက လိုင်ယွန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး သူတို့အတွက် စံချိန်တင် ၁၅ ကြိမ်မြောက် ပြင်သစ်ဖလားကို ရယူသွားချိန်မှာပဲ တိုက်စစ်မှူး အမ်ဘက်ပေက ပီအက်စ်ဂျီအတွက် ၃၀၈ ကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်ပွဲထွက်ကစားခဲ့ကာ နောက်ထပ်ဖလားတစ်လုံးကို ရယူသွားခဲ့ပါတယ်။
ဘက်ပေက ပီအက်စ်ဂျီအတွက် ကလပ်စံချိန်တင် ၂၅၆ ဂိုး သွင်းယူခဲ့တာနဲ့အတူ လီဂူးဝမ်းဖလား ခြောက်ကြိမ်၊ ပြင်သစ်ဖလား လေးကြိမ်နဲ့ လိဂ်ဖလား နှစ်ကြိမ် ရရှိခဲ့ကာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ဂျာမနီမှာတော့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်က ပထမတန်းမှ ကိုင်ဆာစလော့တန်ကို တစ်ဂိုး-ဂိုးမရှိနဲ့အနိုင်ယူပြီး ဂျာမန်ဖလားကို ရယူနိုင်ခဲ့လို့ တစ်နှစ်တည်းမှာ ဖလားနှစ်လုံး ပထမဆုံးအကြိမ် ရယူသွားခဲ့ပါတယ်။
ဥရောပစံချိန်လည်း ဖြစ်တဲ့ ၅၁ ပွဲကို ရှုံးပွဲမရှိဘဲ ချီတက်ခဲ့တဲ့ နည်းပြအလွန်ဆိုရဲ့ လေဗာကူဆင်က ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အီတလီမှ အတ္တလန်တာကို ရှုံးနိမ့်ခဲ့တာကိုမေ့ဖျောက်ပစ်ကာ ဂျာမန်ဖလားကို ရယူသွားခဲ့တာပါ။
အင်္ဂလန်က မန်ယူအသင်းကတော့ သူတို့ရာသီအတွက် အကောင်းဆုံးကစားပုံကို နောက်ဆုံးပွဲကျမှ ပြသခဲ့ပြီး အမှတ်ပေးချန်ပီယံနဲ့ အက်အေဖလားကို နှစ်နှစ်ဆက်တိုက် ရယူတဲ့ ပထမဆုံးအသင်းဖြစ်ရေး မန်စီးတီးရဲ့ အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ မန်ယူက မန်စီးတီးကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူကာ ရှစ်နှစ်အတွင်း ပထမဆုံးနဲ့ သမိုင်းတစ်လျှောက် ၁၃ ကြိမ်မြောက် အက်ဖ်အေဖလားကို ရယူသွားခဲ့ပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ဒီနှစ်မှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ကြသူ လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂါနာချိုနဲ့ ကိုဘီမိုင်နူးတို့က သွင်းယူခဲ့ကြပါတယ်။
အမျိုးသမီးဘောလုံး ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအမျိုးသမီးအသင်းက ရှစ်ကြိမ်စံချိန်တင်ချန်ပီယံ လိုင်ယွန်ကို သူတို့ရဲ့ အကောင်းဆုံးကစားသမားနှစ်ဦး ဖြစ်တဲ့ ဘွန်မာတီနဲ့ ပျူတဲလက်စ်တို့ရဲ့ ဂိုးတွေနဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူကာ သုံးကြိမ်မြောက်ဖလားကို ရယူသွားခဲ့ပါတယ်။
လက်ရှိချန်ပီယံ ဘာစီလိုနာက ပြင်သစ်အသင်းကြီးလိုင်ယွန်ကို ဘယ်တုန်းကမှ အနို်ငမရခဲ့ဘဲ ၂၀၁၉ နဲ့ ၂၀၂၂ ခုနှစ်ဗိုလ်လုပွဲတွေကို ရှုံးနိမ့်ပြီး ဒီနှစ်မှ လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါနဲ့အတူ ဘာစီလိုနာက နည်းပြ ဂျွန်နာတန်းဂီရယ်ဒက်ဇ်ရဲ့ နောက်ဆုံးရာသီမှာ ဖလားလေးလုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။