ေနတိုးတပ္ဖြဲ႕ဝင္မ်ားအား ယူကရိန္းတြင္ ျဖန႔္ၾကက္ထားျခင္းက တတိယကမၻာစစ္ကို ျဖစ္ေပၚေစနိုင္ေၾကာင္း အီတလီနိုင္ငံျခားေရးဝန္ႀကီးေျပာ

မတ္ ၁၉
ေနတိုးတပ္ဖြဲ႕ဝင္နိုင္ငံမ်ားမွ လက္နက္ကိုင္တပ္မ်ားအား ယူကရိန္းနိုင္ငံအတြင္းသို႔ ျဖန႔္ၾကက္ထားျခင္းသည္ တတိယကမၻာစစ္ကို ျဖစ္ေပၚေစနိုင္ေၾကာင္း အီတလီနိုင္ငံျခားေရးဝန္ႀကီး အန္တိုနီယို တာဂ်ာနီ က ေျပာသည္။

ေနတိုးတပ္ဖြဲဝင္မ်ားကို ယူကရိန္းရွိ စစ္ေျမျပင္မ်ား၌ ျဖန႔္ၾကက္ျခင္းသည္ နိုင္ငံမ်ားၾကား ေရကုန္ေရခန္း တိုက္ခိုက္မည့္ တစ္ကမၻာလုံးဆိုင္ရာပဋိပကၡ သို႔မဟုတ္ တတိယကမၻာစစ္ႀကီးကို ျဖစ္ေပၚေစနိုင္ေၾကာင္း အန္တိုနီယို တာဂ်ာနီ က ၿပီးခဲ့သည့္ ရက္သတၱပတ္အကုန္ပိုင္းတြင္ျပဳလုပ္သည့္ ေတြ႕ဆုံေမးျမန္းခန္းတစ္ခု၌ ေျပာၾကားျခင္းျဖစ္သည္။

ေနတိုးတပ္ဖြဲ႕ဝင္နိုင္ငံမ်ားအေနျဖင့္ ယူကရိန္းအား ၎တို႔ဘာသာ ခုခံကာကြယ္နိုင္ရန္ အကူအညီ ေပးရမည္သာျဖစ္ၿပီး ယူကရိန္းနိုင္ငံအတြင္းသို႔ မဝင္ေရာက္သင့္ေၾကာင္း၊ ယင္းနိုင္ငံသို႔ဝင္ေရာက္ျခင္းသည္ မွားယြင္းမႈသာျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားသည္။

ေနတိုးတပ္ဖြဲဝင္နိုင္ငံမ်ားမွ လက္နက္ကိုင္တပ္မ်ားအား ယူကရိန္းသိုေစလႊတ္မည့္စိတ္ကူးကို ျပင္သစ္ သမၼတ အီမန္န်ဴရယ္ မက္ခရြန္ က ယခုႏွစ္ေဖေဖာ္ဝါရီလအတြင္း၌ စတင္စဥ္းစားခဲ့ျခင္းျဖစ္ၿပီး ႐ုရွားနိုင္ငံအား ျပင္သစ္၏ ၿပိဳင္ဘက္နိုင္ငံအျဖစ္ မက္ခရြန္ က ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျပင္သစ္အစိုးရ၏ အဆိုပါစိတ္ကူးကို ေနတိုးတပ္ဖြဲဝင္ အေနာက္နိုင္ငံအခ်ိဳက လက္မခံဘဲ ျငင္းဆို ထားေသာ္လည္း ဖင္လန္နိုင္ငံအပါအဝင္ ေနတိုးတပ္ဖြဲဝင္ နိုင္ငံသစ္မ်ားက ေထာက္ခံထားေၾကာင္း သိရသည္။

======

နေတိုးတပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် ဖြန့်ကြက်ထားခြင်းက တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီးပြော

မတ် ၁၉
နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းနိုင်ငံအတွင်းသို့ ဖြန့်ကြက်ထားခြင်းသည် တတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီ က ပြောသည်။

နေတိုးတပ်ဖွဲဝင်များကို ယူကရိန်းရှိ စစ်မြေပြင်များ၌ ဖြန့်ကြက်ခြင်းသည် နိုင်ငံများကြား ရေကုန်ရေခန်း တိုက်ခိုက်မည့် တစ်ကမ္ဘာလုံးဆိုင်ရာပဋိပက္ခ သို့မဟုတ် တတိယကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်စေနိုင်ကြောင်း အန်တိုနီယို တာဂျာနီ က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းအား ၎င်းတို့ဘာသာ ခုခံကာကွယ်နိုင်ရန် အကူအညီ ပေးရမည်သာဖြစ်ပြီး ယူကရိန်းနိုင်ငံအတွင်းသို့ မဝင်ရောက်သင့်ကြောင်း၊ ယင်းနိုင်ငံသို့ဝင်ရောက်ခြင်းသည် မှားယွင်းမှုသာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

နေတိုးတပ်ဖွဲဝင်နိုင်ငံများမှ လက်နက်ကိုင်တပ်များအား ယူကရိန်းသိုစေလွှတ်မည့်စိတ်ကူးကို ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန် က ယခုနှစ်ဖေဖော်ဝါရီလအတွင်း၌ စတင်စဉ်းစားခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံအား ပြင်သစ်၏ ပြိုင်ဘက်နိုင်ငံအဖြစ် မက်ခရွန် က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

ပြင်သစ်အစိုးရ၏ အဆိုပါစိတ်ကူးကို နေတိုးတပ်ဖွဲဝင် အနောက်နိုင်ငံအချိုက လက်မခံဘဲ ငြင်းဆို ထားသော်လည်း ဖင်လန်နိုင်ငံအပါအဝင် နေတိုးတပ်ဖွဲဝင် နိုင်ငံသစ်များက ထောက်ခံထားကြောင်း သိရသည်။