မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ အေၾကာင္းအရာမ်ားဆိုင္ရာ က်န္းမာေရးအသိပညာေပး ေဆြးေႏြးေဟာေျပာပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ တက္ေရာက္

မတ္ ၈၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအဖြဲ႕ႏွင့္အတူ ၂၀၂၄ ခုႏွစ္၊ မတ္လ ၇ ရက္ေန႔ နံနက္ ၁၀:၀၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ က်င္းပျပဳလုပ္ေသာ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ အေၾကာင္းအရာမ်ားဆိုင္ရာ က်န္းမာေရးအသိပညာေပး ေဆြးေႏြးေဟာေျပာပြဲသို႔ တက္ေရာက္ခဲ့ပါသည္။
ေဆြးေႏြးေဟာေျပာပြဲတြင္ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးမွ အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ မူးယစ္ေဆးဝါးဆိုင္ရာ စိတ္ေရာဂါအထူးကု အၿငိမ္းစားဆရာဝန္ႀကီးတစ္ဦးမွ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ အေၾကာင္းအရာ သိေကာင္းစရာမ်ားအား ေဟာေျပာခဲ့ၿပီး တက္ေရာက္လာသူမ်ားမွ ေမးျမန္းမႈမ်ားအား ျပန္လည္ေျဖၾကားေဆြးေႏြးခဲ့ပါသည္။
ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ ” မူးယစ္ေဆးဝါးေတြဟာ တရားမဝင္လမ္းေၾကာင္းေတြကေန ဝင္ေရာက္မႈေတြရွိေနတာကို တားဆီးဖို႔လိုေၾကာင္း၊ အရြယ္စုံၾကားမွာ ေရာက္ရွိေနတဲ့ မူးယစ္ေဆးဝါးေတြရဲ့ သားေကာင္မျဖစ္ဖို႔လိုအပ္ေၾကာင္း၊ ကိုယ္စီဘဝေတြရဲ့ အနာဂတ္ နိုင္ငံေတာ္ရဲ့အနာဂတ္ေတြကို ယိုယြင္းေစတဲ့ မူးယစ္ေဆးဝါးေတြရဲ့ ရန္ကိုကာကြယ္ဖို႔ မိမိတို႔ပါတီမွလည္း တတ္နိုင္သမၽွေဆာင္ရြက္ရမွာျဖစ္ေၾကာင္းႏွင့္ ျပည္သူလူထုကိုလည္း အသိပညာေပးလုပ္ငန္းစဥ္မ်ား လုပ္​ေဆာင္သြားရန္လိုေၾကာင္း ” ေျပာၾကားခဲ့ၿပီး ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ေဆြးေႏြးေဟာေျပာပြဲအား ႐ုတ္သိမ္းခဲ့ပါသည္။
မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ အေၾကာင္းအရာမ်ားဆိုင္ရာ က်န္းမာေရးအသိပညာေပး ေဆြးေႏြးေဟာေျပာပြဲသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ပါတီဒုတိယဥကၠ႒ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ပါတီဌာနခ်ဳပ္ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ မိသားစုဝင္မ်ား အင္အား (၄၀၀)ခန္႔ တက္ေရာက္ခဲ့ၾကပါသည္။

======

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော အကြောင်းအရာများဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်

မတ် ၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့နှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော အကြောင်းအရာများဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးဟောပြောပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မူးယစ်ဆေးဝါးဆိုင်ရာ စိတ်ရောဂါအထူးကု အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော အကြောင်းအရာ သိကောင်းစရာများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ မေးမြန်းမှုများအား ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားရာ ” မူးယစ်ဆေးဝါးတွေဟာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်မှုတွေရှိနေတာကို တားဆီးဖို့လိုကြောင်း၊ အရွယ်စုံကြားမှာ ရောက်ရှိနေတဲ့ မူးယစ်ဆေးဝါးတွေရဲ့ သားကောင်မဖြစ်ဖို့လိုအပ်ကြောင်း၊ ကိုယ်စီဘဝတွေရဲ့ အနာဂတ် နိုင်ငံတော်ရဲ့အနာဂတ်တွေကို ယိုယွင်းစေတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ရန်ကိုကာကွယ်ဖို့ မိမိတို့ပါတီမှလည်း တတ်နိုင်သမျှဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် ပြည်သူလူထုကိုလည်း အသိပညာပေးလုပ်ငန်းစဥ်များ လုပ်​ဆောင်သွားရန်လိုကြောင်း ” ပြောကြားခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်တွင် ဆွေးနွေးဟောပြောပွဲအား ရုတ်သိမ်းခဲ့ပါသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော အကြောင်းအရာများဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၊ မိသားစုဝင်များ အင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။