ေနတိုးတပ္ဖြဲ႕က ဆယ္စုႏွစ္မ်ားအတြင္း အႀကီးဆုံး စစ္ေရးေလ့က်င့္မႈျပဳလုပ္မည္

ဇန္နဝါရီ ၂၂

အေမရိကန္ဦးေဆာင္သည့္ ေျမာက္အတၱလန္းတိတ္စာခ်ဳပ္အဖြဲ႕ NATO သည္ ဆယ္စုႏွစ္မ်ားအတြင္း အႀကီးမားဆုံးေသာ စစ္ေရးေလ့က်င့္မႈတစ္ခုျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ဥေရာပတြင္ ရာသီဥတု ေအးခဲၾကမ္းတမ္းေနၿပီး ႐ုရွား ယူကရိန္းစစ္ပြဲ ေရွ႕မတိုးေနာက္မဆုတ္ ျဖစ္ေနခ်ိန္တြင္ အဆိုပါစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။

အဆိုပါ စစ္ေရးေလ့က်င့္မႈသည္ အေမရိကန္ ဦးေဆာင္သည့္ စစ္ဘက္မဟာမိတ္အဖြဲ႕မ်ား၏ စည္းလုံးညီညႊတ္မႈႏွင့္ ခြန္အားကို ျပသျခင္းျဖစ္ေၾကာင္း ေနတိုးမဟာမိတ္အဖြဲ႕ စစ္ဦးစီးခ်ဳပ္ Christopher Cavoli ကဆိုသည္။

႐ုရွားနိုင္ငံအနီးရွိ ေနတိုး အဖြဲ႕ဝင္နယ္ေျမမ်ားအားလုံးကို ကာကြယ္နိုင္ေၾကာင္းျပသသည့္အေနျဖင့္ တပ္ဖြဲ႕ဝင္ေပါင္း ၉၀၀၀၀ ေက်ာ္ႏွင့္ လေပါင္းမ်ားစြာ စစ္ေရးေလ့က်င့္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

============

နေတိုးတပ်ဖွဲ့က ဆယ်စုနှစ်များအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်

ဇန်နဝါရီ ၂၂

အမေရိကန်ဦးဆောင်သည့် မြောက်အတ္တလန်းတိတ်စာချုပ်အဖွဲ့ NATO သည် ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးသော စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဥရောပတွင် ရာသီဥတု အေးခဲကြမ်းတမ်းနေပြီး ရုရှား ယူကရိန်းစစ်ပွဲ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေချိန်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အမေရိကန် ဦးဆောင်သည့် စစ်ဘက်မဟာမိတ်အဖွဲ့များ၏ စည်းလုံးညီညွှတ်မှုနှင့် ခွန်အားကို ပြသခြင်းဖြစ်ကြောင်း နေတိုးမဟာမိတ်အဖွဲ့ စစ်ဦးစီးချုပ် Christopher Cavoli ကဆိုသည်။

ရုရှားနိုင်ငံအနီးရှိ နေတိုး အဖွဲ့ဝင်နယ်မြေများအားလုံးကို ကာကွယ်နိုင်ကြောင်းပြသသည့်အနေဖြင့် တပ်ဖွဲ့ဝင်ပေါင်း ၉၀၀၀၀ ကျော်နှင့် လပေါင်းများစွာ စစ်ရေးလေ့ကျင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။