ခ်န္ပီယံလိဂ္တြင္ ဂိုးအမ်ားဆုံး ေနာက္ခံလူအျဖစ္ ရာမို႔စ္ မွတ္တမ္းဝင္

ဒီဇင္ဘာ ၁၅

ဆီဗီလာအသင္းမွ စပိန္ဝါရင့္ေနာက္ခံလူ ရာမို႔စ္သည္ လန္းစ္အသင္းအား (၁-၂)ဂိုးျဖင့္ အေရးနိမ့္ခဲ့သည့္ပြဲတြင္ ပယ္နယ္တီဂိုး သြင္းယူၿပီးေနာက္ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလၽွာက္ သြင္းဂိုးအမ်ားဆုံး သြင္းယူနိုင္တဲ့ ခံစစ္မႉးအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

ရာမို႔စ္အေနျဖင့္ ခ်န္ပီယံလိဂ္သြင္းဂိုး (၁၇)ဂိုး ရွိလာၿပီး ဘာစီလိုနာခံစစ္မႉးေဟာင္း ဂ်ရတ္ပီေကးနဲ႔ ရီးယဲလ္ဂႏၴဝင္ခံစစ္မႉးႀကီး ေရာ္ဘတ္တို ကားလို႔စ္တို႔ရဲ့ ၁၆ ဂိုး သြင္းယူခဲ့တဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ခဲ့ျခင္းျဖစ္ပါတယ္။

သို႔ေသာ္ ရာမို႔စ္၏ ဆီဗီလာအသင္းသည္ အုပ္စုအတြင္း ေနာက္ဆုံးေနရာသာ ရရွိခဲ့ၿပီး ယူရိုပါလိဂ္ ေျပာင္းလဲယွဥ္ၿပိဳင္ခြင့္ပင္ မရရွိခဲ့ေၾကာင္း သိရပါတယ္။

=============

ချန်ပီယံလိဂ်တွင် ဂိုးအများဆုံး နောက်ခံလူအဖြစ် ရာမို့စ် မှတ်တမ်းဝင်

ဒီဇင်ဘာ ၁၅

ဆီဗီလာအသင်းမှ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်သည် လန်းစ်အသင်းအား (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ပယ်နယ်တီဂိုး သွင်းယူပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး သွင်းယူနိုင်တဲ့ ခံစစ်မှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ရာမို့စ်အနေဖြင့် ချန်ပီယံလိဂ်သွင်းဂိုး (၁၇)ဂိုး ရှိလာပြီး ဘာစီလိုနာခံစစ်မှူးဟောင်း ဂျရတ်ပီကေးနဲ့ ရီးယဲလ်ဂန္ထဝင်ခံစစ်မှူးကြီး ရော်ဘတ်တို ကားလို့စ်တို့ရဲ့ ၁၆ ဂိုး သွင်းယူခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

သို့သော် ရာမို့စ်၏ ဆီဗီလာအသင်းသည် အုပ်စုအတွင်း နောက်ဆုံးနေရာသာ ရရှိခဲ့ပြီး ယူရိုပါလိဂ် ပြောင်းလဲယှဉ်ပြိုင်ခွင့်ပင် မရရှိခဲ့ကြောင်း သိရပါတယ်။