ရီးယဲလ္မက္ဒရစ္အသင္း သမိုင္းတစ္ေလၽွာက္ ၿပိဳင္ပြဲစုံ ၁၆ ပြဲကစားၿပီးခ်ိန္တြင္ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ဘယ္လင္ဟမ္ စံခ်ိန္သစ္တင္
နိုဝင္ဘာ ၃၀
ရီးယဲလ္မက္ဒရစ္အသင္း ကြင္းလယ္ကစားသမား ဘယ္လင္ဟမ္သည္ ယေန႔ နံနက္အေစာပိုင္းက ခ်န္ပီယံလိဂ္ ပြဲစဥ္-၅ (ဒုတိယေန႔)အျဖစ္ ကစားသည့္ ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ နာပိုလီအသင္းတို႔ ပြဲစဥ္၌ အသင္းအတြက္ သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ၿပီးေနာက္ ရီးယဲလ္မက္ဒရစ္အသင္း သမိုင္းတစ္ေလၽွာက္ ရာသီအစ ၿပိဳင္ပြဲစုံ ၁၆ ပြဲကစားၿပီးခ်ိန္တြင္ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္သစ္ တင္နိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲစဥ္တြင္ ရီးယဲလ္မက္ဒရစ္အသင္းက အိမ္ကြင္း၌ နာပိုလီအသင္းကို (၄-၂)ဂိုးရလဒ္ျဖင့္ အနိုင္ရရွိခဲ့ပါသည္။ ဘယ္လင္ဟမ္က ၂၂ မိနစ္တြင္ အသင္းအတြက္ ဒုတိယဦးေဆာင္ဂိုး သြင္းယူနိုင္ၿပီး အေကာင္းဆုံးကစားသမားဆု(player of the match)ကိုလည္းရရွိခဲ့ကာ ယခုေဘာလုံးရာသီ၌ ၿပိဳင္ပြဲစုံ ၁၆ ပြဲကစားၿပီးခ်ိန္တြင္ သြင္းဂိုး ၁၅ ဂိုးအထိရွိလာၿပီးေနာက္ စံခ်ိန္သစ္ တင္နိုင္ခဲ့ျခင္းျဖစ္သည္။
ဘယ္လင္ဟမ္သည္ ၿပီးခဲ့သည့္ ေႏြရာသီကစားသမား အေျပာင္းအေရႊ႕ကာလက ေဒါ့မြန္အသင္းမွ ရီးယဲလ္မက္ဒရစ္အသင္းသို႔ စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကးတစ္ရပ္ျဖင့္ ေျပာင္းေရႊ႕ကစားၿပီးေနာက္ အသင္းႏွင့္အတူ ထိပ္တန္းအဆင့္ရွိ ေျခစြမ္းျပေနကာ စံခ်ိန္မွတ္တမ္းေကာင္း မ်ားစြာကိုလည္း ပိုင္ဆိုင္ခဲ့သူျဖစ္သည္။
ရီးယဲလ္မက္ဒရစ္အသင္း သမိုင္းတစ္ေလၽွာက္ ရာသီအစ ၿပိဳင္ပြဲစုံ ၁၆ ပြဲကစားၿပီးခ်ိန္တြင္ သြင္းဂိုးအမ်ားဆုံး ကစားသမားမ်ားအျဖစ္ ဘယ္လင္ဟမ္မတိုင္မီက ဂႏၴဝင္ကစားသမားမ်ား ျဖစ္သည့္ စီေရာ္နယ္ဒိုႏွင့္ ဒီစတီဖန္နိုတို႔က ၁၃ ဂိုးစီျဖင့္ လည္းေကာင္း၊ ပြက္ကက္ရွ္ က ၁၁ ဂိုးျဖင့္ လည္းေကာင္း ရပ္တည္ေနျခင္းကို ဘယ္ လင္ဟမ္က စီေရာ္နယ္ဒိုႏွင့္ ဒီစတီဖန္နိုတို႔ကို ၂ဂိုးအသာျဖင့္ ေက်ာ္ျဖတ္နိုင္ခဲ့ျခင္း ျဖစ္သည္။
==============
ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ် စံချိန်သစ်တင်
နိုဝင်ဘာ ၃၀
ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ယနေ့ နံနက်အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ်-၅ (ဒုတိယနေ့)အဖြစ် ကစားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် နာပိုလီအသင်းတို့ ပွဲစဉ်၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက အိမ်ကွင်း၌ နာပိုလီအသင်းကို (၄-၂)ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဘယ်လင်ဟမ်က ၂၂ မိနစ်တွင် အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ပြီး အကောင်းဆုံးကစားသမားဆု(player of the match)ကိုလည်းရရှိခဲ့ကာ ယခုဘောလုံးရာသီ၌ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုး ၁၅ ဂိုးအထိရှိလာပြီးနောက် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဒေါ့မွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ စံချိန်တင်ပြောင်းရွှေ့ ကြေးတစ်ရပ်ဖြင့် ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနေကာ စံချိန်မှတ်တမ်းကောင်း များစွာကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် ရာသီအစ ပြိုင်ပွဲစုံ ၁၆ ပွဲကစားပြီးချိန်တွင် သွင်းဂိုးအများဆုံး ကစားသမားများအဖြစ် ဘယ်လင်ဟမ်မတိုင်မီက ဂန္ထဝင်ကစားသမားများ ဖြစ်သည့် စီရော်နယ်ဒိုနှင့် ဒီစတီဖန်နိုတို့က ၁၃ ဂိုးစီဖြင့် လည်းကောင်း၊ ပွက်ကက်ရှ် က ၁၁ ဂိုးဖြင့် လည်းကောင်း ရပ်တည်နေခြင်းကို ဘယ် လင်ဟမ်က စီရော်နယ်ဒိုနှင့် ဒီစတီဖန်နိုတို့ကို ၂ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။