ဘယ္လ္ဂ်ီယံႏွင့္ ဆြီဒင္ပြဲစဥ္ကို ျပန္ကစားခြင့္မျပဳဘဲ ၁ ဂိုးစီသေရရလဒ္ သတ္မွတ္

ေအာက္တိုဘာ ၂၀

ဘယ္လ္ဂ်ီယံႏွင့္ ဆြီဒင္အသင္းတို႔၏ ယူရိုေျခစစ္ပြဲစဥ္ကို ျပန္ကစားခြင့္ျပဳမွာမဟုတ္ဘဲ ပြဲရပ္နားခ်ိန္က ရလဒ္ျဖစ္တဲ့ တစ္ဂိုးစီသေရ ရလဒ္သာ သတ္မွတ္ေၾကာင္း ၾကာသပေတးေန႔က ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)မွ အတည္ျပဳထုတ္ျပန္ခဲ့သည္။

ၿပီးခဲ့သည့္ တနလၤာေန႔က ယွဥ္ၿပိဳင္ကစားခဲ့ေသာ ဘယ္လ္ဂ်ီယံႏွင့္ ဆြီဒင္အသင္းတို႔၏ ယူရိုေျခစစ္ပြဲမွာ ပထမပိုင္းတြင္ (၁-၁) ဂိုးျဖင့္ သေရက်ခဲ့ၿပီး ဒုတိယပိုင္း၌ ဆြီဒင္ကစားသမားမ်ားက ဆက္ကစားရန္ ျငင္းဆန္ခဲ့ေသာေၾကာင့္ ပြဲကို ရပ္နားခဲ့ရျခင္းျဖစ္သည္။

ကြင္းအနီးတြင္ ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္ပစ္ခတ္တိုက္ခိုက္မႈ၌ ဆြီဒင္ပရိသတ္ႏွစ္ဦး ေသဆုံးခဲ့သည့္အတြက္ ဆြီဒင္ကစား သမားမ်ားက ဒုတိယပိုင္းဆက္ကစားရန္ ျငင္းဆန္ခဲ့ျခင္းျဖစ္ၿပီး တာဝန္ရွိသူမ်ားကလည္း လုံျခဳံေရးအေျခအေနအရ ပြဲကိုရပ္နားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ယင္းပြဲရလဒ္မွာ ေျခစစ္ပြဲေအာင္ျမင္ေရးအတြက္ သက္ေရာက္မႈရွိနိုင္မည္မဟုတ္ေသာေၾကာင့္ ယခုကဲ့သို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

ဆြီဒင္ပရိသတ္ႏွစ္ဦးအား ေသနတ္ျဖင့္ ပစ္သတ္ခဲ့သည့္ ေသနတ္သမားအား ဘရပ္ဆဲလ္ၿမိဳ႕တြင္းတြင္ အေသဖမ္းမိခဲ့ေၾကာင္းကိုလည္း ေဒသရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

========================

ဘယ်လ်ဂျီယံနှင့် ဆွီဒင်ပွဲစဉ်ကို ပြန်ကစားခွင့်မပြုဘဲ ၁ ဂိုးစီသရေရလဒ် သတ်မှတ်

အောက်တိုဘာ ၂၀

ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲစဉ်ကို ပြန်ကစားခွင့်ပြုမှာမဟုတ်ဘဲ ပွဲရပ်နားချိန်က ရလဒ်ဖြစ်တဲ့ တစ်ဂိုးစီသရေ ရလဒ်သာ သတ်မှတ်ကြောင်း ကြာသပတေးနေ့က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ အတည်ပြုထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သော ဘယ်လ်ဂျီယံနှင့် ဆွီဒင်အသင်းတို့၏ ယူရိုခြေစစ်ပွဲမှာ ပထမပိုင်းတွင် (၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး ဒုတိယပိုင်း၌ ဆွီဒင်ကစားသမားများက ဆက်ကစားရန် ငြင်းဆန်ခဲ့သောကြောင့် ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

ကွင်းအနီးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု၌ ဆွီဒင်ပရိသတ်နှစ်ဦး သေဆုံးခဲ့သည့်အတွက် ဆွီဒင်ကစား သမားများက ဒုတိယပိုင်းဆက်ကစားရန် ငြင်းဆန်ခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးအခြေအနေအရ ပွဲကိုရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲရလဒ်မှာ ခြေစစ်ပွဲအောင်မြင်ရေးအတွက် သက်ရောက်မှုရှိနိုင်မည်မဟုတ်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆွီဒင်ပရိသတ်နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် သေနတ်သမားအား ဘရပ်ဆဲလ်မြို့တွင်းတွင် အသေဖမ်းမိခဲ့ကြောင်းကိုလည်း ဒေသရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။