မက်ဆီကို ခေါ်ယူဖို့နီးစပ်နေကြောင်း သတင်းထွက်လာတဲ့ ချယ်လ်ဆီး

Chelsea

မက်ဆီတစ်ယောက် အခွန်ကိစ္စနဲ့ ခေါင်းရှုပ်နေချိန်မှာ ကွန်တီရဲ့ချယ်လ်ဆီးကတော့ မက်ဆီကိုခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ မက်ဆီရဲ့အဖေဟာ ချယ်လ်ဆီး သူဌေး အီဘရာမိုဗစ်နဲ့တွေ့ခဲ့တယ်လို့ The Sun သတင်းစာက ဆိုခဲ့ပါတယ်။

အီဘရာမိုဗစ်ခ်ျရဲ့ ဇိမ်ခံရွက်လှေပေါ်မှာ တွေ့ခဲ့တာဖြစ်ပြီး မက်ဆီကိုခေါ်ယူဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ မက်ဆီရဲ့ အဖေဟာ မက်ဆီရဲ့အပြောင်းအရွှေ့ ဘဏ္ဍာရေး အားလုံးကို ကိုင်တွယ်နေသူလည်းဖြစ်ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း၁၁၀ခန့် သုံးဖို့ရှိပြီး လစာကိုတစ်ပတ်စာ ပေါင် 600,000 လောက် ပေးဖို့ ရှိနေပါတယ်။

မန်စီးတီးကလည်း မက်ဆီိကိုလိုက်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဆရာဟောင်းဂွာဒီယိုလာဆီကို သွားနိုင်မယ့်အပြင် မန်စီးတီးကလည်း ပိုက်ဆံ ဖြုန်းနိင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မန်စီးတီးအနေနဲ့ တစ်ပတ် လုပ်ခလစာ 800,000နဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

အကယ်၍မက်ဆီသာပရီးမီးယားလိဂ်ရောက်လာရင် တစ်ပတ်လုပ်ခလစာအမြင့်ဆုံးကစားသမားသေချာပေါက်ဖြစ်မှာ လည်းဖြစ်ပါတယ်။ လတ်တလော တစ်ပတ်လုပ်ခ လစာ အများဆုံး ကစားသမားတွေကတော့အောက်ပါအတိုင်းဖြစ်ပါ
တယ်။

Wayne Rooney – £260,000 (€358,861)

Sergio Aguero – £240,000 (€331,359)

Yaya Toure – £240,000 (€331,359)

Eden Hazard – £220,000 (€303,652)

David Silva – £200,000 (€276,063)

Mesut Özil – £190,000 (€262,212)

Raheem Sterling – £180,000 (€248,411)

Source:goal.com


Leave a Reply