

================================

သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဘော်လုံးပွဲ ကွင်းဖွင့်ပွဲတက်ရောက်

၈. ၁၀. ၂၀၂၃ နေ့ ညနေ ၃ နာရီအချိန်တွင် သံတွဲမြို မြိုမအားကစားကွင်း၌ DWARYARWADDY LEAGUE ကလပ်ပေါင်းစုံ အမျိုးသား(အမှတ်ပေး)ဘော်လုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းနားကိုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းနားသို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးမျိုးချစ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦးမောင်သာစိန် နှင့် မြိုနယ်အဆင့်တာဝန်ရှိသူများ၊မြိုမိ မြိုဖများ၊လုပ်ငန်းရှင်များ၊အားကစားအသင်း (၁၃)သင်းမှအားကစားသမား (၂၆၀)ဦးနှင့်အားကစားဝါသနာရှင်ပရိတ်သပ်များ၊ နှင့်အတူ သံတွဲမြိုနယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့်လူငယ်စည်တော်အဖွဲဝင် ၂၅ ဦးတက်ရောက်ခဲ့သည်။
အခမ်းနားတွင်နိုင်ငံတော်အလံအလေးပြုခြင်း၊ခရိုင်ဥက္ကဌမှာအဖွင့်အမှားပြောကြားခြင်း၊အားကစားသမားများမှအားကစားသစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ခရိုင်စီမံအဖွဲဥက္ကဌနှင့်အခမ်းနားတက်ရောက်လာသောတာဝန်ရှိအကြီးကဲများက ကွင်းဖွင့်ပွဲကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့သည်။
ထိုသိုဖဲကြိုးဖြတ်ဖွင့်လှစ်နေစဥ်အချိန်တွင် သံတွဲမြိုနယ်ပြည်ခိုင်ဖြိုးပါတီ မြိုနယ်လူငယ်ကော်မတီအဖွဲဝင် ကိုချစ်ထူး နှင့် လူငယ်ပါတီဝင် (၉)ဦး၊ပါတီဝန်းရံလူငယ် (၁၆)ဦးတိုက ရခိုင်မင်္ဂလာစည်တော်များတီးခပ်၍ အခမ်းနား ကိုအားဖြည့်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
ထိုဘော်လုံးပြိုင်ပွဲမှာ (၅. ၁၀. ၂၀၂၃) မှ (၃၁. ၁၂. ၂၀၂၃) နေ့ထိယှဥ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။