ခေါင်းဆောင်ကင်ဂျုံအန်းအပေါ် အမေရိကန်တို့၏ အရေးယူဒဏ်ခတ်မှုက မိမိတို့နိုင်ငံကို စစ်ကြေညာလိုက်သည့် သဘောဆောင်နေ၍ လက်တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယား ပြော

kim-jong-un

နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်းကို ပစ်မှတ်ထားကာ အမေရိကန်တို့က အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ခြင်းမှာ စစ်ကြေညာလိုက်သည့် သဘောဆောင်နေခဲ့ပြီး ယင်းအပေါ် မိမိတို့ဘက်ကလည်း ပြန်လည်လက်စားချေ တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယားတို့က ကြွေးကြော်လိုက်သည်။

အမေရိကန်တို့၏ ယခုလုပ်ရပ်က မိမိတို့အပေါ် အဆိုးရွားဆုံး ရန်စလိုက်ခြင်းပင်ဖြစ်ကြောင်း ပြုံယမ်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားခြင်းကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ၀ါရှင်တန်အစိုးရက ဇူလိုင် ၇ ရက်တွင် ထုတ်ဖော်ကြေညာသွားခဲ့သည်။

ယင်းထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက်ပိုင်း အရေးယူပိတ်ဆို့မှုကို ချက်ချင်းပြန်လည် ဖြုတ်သိမ်းပေးရန် ပြုံယမ်းဘက်က အမေရိကန်အစိုးရကို ပြောကြားလိုက်ပြီး အကယ်၍ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်း မရှိပါက နှစ်နိုင်ငံအကြား ဆက်ဆံမှုပိုင်းအားလုံးကို အားချင်း ရပ်ဆိုင်းတော့မည်ဟု မြောက်ကိုရီးယားဘက်က ပြောကြားထားခဲ့ သည်။

” ခုဆိုရင် ကျွန်တော်တို့နိုင်ငံကို အမေရိကန်တို့က စစ်ကြေညာလိုက်သလို ဖြစ်ခဲ့ပါပြီ၊ ဒါက ရန်စမှု တစ်ခုလည်း ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားတို့သည် ယခင်အချိန်ကာလများတုန်းကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ဘက်က လုပ်ဆောင်သည့် လုပ်ရပ်များကို စစ်ကြေညာခြင်းဟု ခိုင်းနှိုင်းပြောဆိုမှုများ လုပ်ဆောင်ထားခဲ့ဖူးသည်။

 -Ref; CNA / (Mizzia)


Leave a Reply