ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္ မြန္ျပည္နယ္အတြင္းရွိ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ပါတီ ဥကၠဌမ်ား အတြင္းေရးမႉးမ်ား ေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံ

မြန္၊ စက္တင္ဘာ ၂၅
ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္ သည္ စက္တင္ဘာလ ၂၅ ရက္ေန႔ မြန္းတည့္ ၁၂ အခ်ိန္တြင္ မြန္ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမ၌ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္ပါတီ ဥကၠဌ မ်ား အတြင္းေရးမႉးမ်ားႏွင့္ ေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္မွ ျပည္ခိုင္ၿဖိဳးပါတီဗဟိုဌာနခ်ဳပ္မွ ခ်မွတ္ေဆာင္ရြက္လ်က္ရွိေသာ ေရတို/ ေရရွည္လုပ္ငန္းစီမံခ်က္မ်ား၊ျပည့္မ႑ိဳင္က႑၊Project Cycle Management လုပ္ငန္းစဥ္မ်ား၊ပါတီေအာင္နိူင္ေရးအတြက္ စည္း႐ုံးေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ား၊လူငယ္/အမ်ိဳးသမီး ပါတီဝင္အသစ္ တိုးခ်ဲ႕စည္း႐ုံးေရး လုပ္ငန္းစဥ္မ်ား၊ပါတီတြင္း စည္းလုံးညီညြတ္ေရးႏွင့္ပါတီေတာင့္တင္းခိုင္မာေရးအတြက္ အေလးထားေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား၊ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွ သတ္မွတ္ထားသည့္ ပါတီဝင္အင္အား ျပည့္မီေရးအတြက္ အေလးထား ေဆာင္ရြက္သြားရမည့္ လုပ္ငန္းစဥ္မ်ားအား အက်ယ္တဝင့္ ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ယင္းေနာက္ ျပည္နယ္ပါတီေခတၱ ဥကၠဌ ဦးသက္ေထြးမွ ျပည့္မ႑ိဳင္ဆုံဆည္းရာ ေတြ႕ဆုံပြဲျပဳလုပ္မႈ ၊ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္သို႔ ပုံစံ(ဇ)ျဖင့္ ပါတီဝင္အင္အား တင္ျပထားမႈ အေျခအေနမ်ားသက္ဆိုင္ရာ ၿမိဳ႕နယ္ေကာ္မရွင္ အဖြဲ႕ခြဲမ်ားႏွင့္ခ်ိတ္ဆက္ကာ ပါတီဝင္အင္အားစီစစ္ျခင္းလုပ္ငန္း ေဆာင္ရြက္ျခင္းတို႔အား ေဆြးေႏြးေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ခရိုင္/ၿမိဳ႕နယ္ပါတီဥကၠဌမ်ားက ၿမိဳ႕နယ္အလိုက္ ေတြ႕ရွိခ်က္အေျခအေနမ်ားအား ေဆြးေႏြးတင္ျပခဲ့ၿပီး တင္ျပခ်က္မ်ားအေပၚ ပါတီဗဟိုအတြင္း‌ေရးမႉး ဦးသူရိန္‌ေဇာ္က ျပန္လည္ရွင္းလင္းေဆြးေႏြးကာ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္နယ္၊ ခရိုင္ ၊ ၿမိဳ႕နယ္တို႔မွ ဥကၠဌ၊အတြင္းေရးမႈးႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရွိရပါသည္။

============================

ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ ဥက္ကဌများ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့် တွေ့ဆုံ

မွန်၊ စက်တင်ဘာ ၂၅
ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် သည် စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းတည့် ၁၂ အချိန်တွင် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌ များ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်မှ ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ ချမှတ်ဆောင်ရွက်လျက်ရှိသော ရေတို/ ရေရှည်လုပ်ငန်းစီမံချက်များ၊ပြည့်မဏ္ဍိုင်ကဏ္ဍ၊Project Cycle Management လုပ်ငန်းစဥ်များ၊ပါတီအောင်နိူင်ရေးအတွက် စည်းရုံးဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များ၊လူငယ်/အမျိုးသမီး ပါတီဝင်အသစ် တိုးချဲ့စည်းရုံးရေး လုပ်ငန်းစဥ်များ၊ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့်ပါတီတောင့်တင်းခိုင်မာရေးအတွက် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်အင်အား ပြည့်မီရေးအတွက် အလေးထား ဆောင်ရွက်သွားရမည့် လုပ်ငန်းစဥ်များအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်နယ်ပါတီခေတ္တ ဥက္ကဌ ဦးသက်ထွေးမှ ပြည့်မဏ္ဍိုင်ဆုံဆည်းရာ တွေ့ဆုံပွဲပြုလုပ်မှု ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပုံစံ(ဇ)ဖြင့် ပါတီဝင်အင်အား တင်ပြထားမှု အခြေအနေများသက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့်ချိတ်ဆက်ကာ ပါတီဝင်အင်အားစီစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ခရိုင်/မြို့နယ်ပါတီဥက္ကဌများက မြို့နယ်အလိုက် တွေ့ရှိချက်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်း‌ရေးမှူး ဦးသူရိန်‌ဇော်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။