အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္သည့္အတြက္ ႐ုရွားႏွင့္ပူးေပါင္းေဆာင္ရြက္မႈျမႇင့္တင္ျခင္းသည္သာမန္ကိစၥတစ္ခုသာျဖစ္ဟု ကင္မ္ဆို

ဆိုးလ္၊စက္တင္ဘာ ၂၅
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္မ္၏ ႐ုရွားခရီးစဥ္အေပၚေဝဖန္ခဲ့သည့္ ေတာင္ကိုရီးယားသမၼတအား ေျမာက္ကိုရီးယားကေဝဖန္ရႈံ႔ခ်ခဲ့သည္။
႐ုရွားႏွင့္ ၎တို႔သည္အိမ္နီးခ်င္းနိုင္ငံမ်ားျဖစ္ၾကသည့္အတြက္ ပူးေပါင္းေဆာင္ရြက္မႈျပဳလုပ္ျခင္းသည္ သဘာဝျဖစ္သည္ဟု ေျမာက္ကိုရီးယားကဆိုခဲ့သည္။
ယူကရိန္းစစ္အတြက္႐ုရွားအား ေျမာက္ကိုရီးယားကလက္နက္ကူညီၿပီး ေျမာက္ကိုရီးယားန်ဴဖြံ့ၿဖိဳးတိုးတက္ေရးအစီအစဥ္အတြက္ ႐ုရွားဘက္ကနည္းပညာျပန္ကူညီေပးနိုင္သည္ဟုလည္း မစၥတာယြန္းကယူဆထားၿပီး ယင္းသို႔အမွန္တကယ္လုပ္ခဲ့ပါက တိုက္ရိုက္ရန္စျခင္းပင္ျဖစ္သည္ဟုလည္း မစၥတာယြန္းကကုလအေထြေထြညီလာခံ၌ဆိုခဲ့သည္။
KCNA သတင္းဌာန၏ေဖာ္ျပခ်က္တစ္ခု၌မူ ေျမာက္ကိုရီးယားႏွင့္႐ုရွားတို႔၏ ခ်စ္ၾကည္ရင္းႏွီးမႈအေပၚ ဆိုးဆိုးရြားရြားေဝဖန္ခဲ့သည့္ ေတာင္ကိုရီးယားအား ေျမာက္ကိုရီးယားဘက ေဝဖန္ရႈံ႔ခ်ခဲ့ၿပီး ေတာင္ကိုရီးယားသည္အေမရိကန္၏လက္ကိုင္တုတ္အျဖစ္ အေမရိကန္အာေဘာ္လိုက္ေနျခင္းျဖစ္သည္ဟုလည္းဆိုခဲ့သည္။
Source : Reuters

============================

အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည်သာမန်ကိစ္စတစ်ခုသာဖြစ်ဟု ကင်မ်ဆို

ဆိုးလ်၊စက်တင်ဘာ ၂၅
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်၏ ရုရှားခရီးစဉ်အပေါ်ဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတအား မြောက်ကိုရီးယားကဝေဖန်ရှုံ့ချခဲ့သည်။
ရုရှားနှင့် ၎င်းတို့သည်အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းသည် သဘာဝဖြစ်သည်ဟု မြောက်ကိုရီးယားကဆိုခဲ့သည်။
ယူကရိန်းစစ်အတွက်ရုရှားအား မြောက်ကိုရီးယားကလက်နက်ကူညီပြီး မြောက်ကိုရီးယားနျူဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ရုရှားဘက်ကနည်းပညာပြန်ကူညီပေးနိုင်သည်ဟုလည်း မစ္စတာယွန်းကယူဆထားပြီး ယင်းသို့အမှန်တကယ်လုပ်ခဲ့ပါက တိုက်ရိုက်ရန်စခြင်းပင်ဖြစ်သည်ဟုလည်း မစ္စတာယွန်းကကုလအထွေထွေညီလာခံ၌ဆိုခဲ့သည်။
KCNA သတင်းဌာန၏ဖော်ပြချက်တစ်ခု၌မူ မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုအပေါ် ဆိုးဆိုးရွားရွားဝေဖန်ခဲ့သည့် တောင်ကိုရီးယားအား မြောက်ကိုရီးယားဘက ဝေဖန်ရှုံ့ချခဲ့ပြီး တောင်ကိုရီးယားသည်အမေရိကန်၏လက်ကိုင်တုတ်အဖြစ် အမေရိကန်အာဘော်လိုက်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : Reuters