
စက်တင်ဘာ ၁၁၊ ရန်ကုန်

=================================

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လေ့လာရေးခရီးသွားရောက်

စက်တင်ဘာ ၁၁၊ ရန်ကုန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော ကိုယ်စားလှယ် (၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ချင်းဟိုင်ပြည်နယ်များသို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် လေယာဉ်အမှတ်၊ MU 2032 ဖြင့် ၁၀-၉-၂၀၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆၁၀)အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ကြပါသည်။
ထိုသို့ထွက်ခွာရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ၊ ရန်ကုန်ရုံးခွဲ နိုင်ငံတကာရေးရာကော်မတီတာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။