နမ့်စန်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကွန်ဟိန်းမြို့နယ်သို့ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပြည့်မဏ္ဍိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း

နမ့်စန် မေ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဌေးလွင်(ခ)ဦးဒီလုံး၊ အတွင်းရေးမှူး ဦးလင်းအောင်ဆွေ၊ ကော်မတီဝင် ဒေါ်နန်းစိန်ညွန့်နွယ်နှင့် ဦးမျိုးမင်းခန့်တိုသည် ကွန်ဟိန်းမြိုနယ် ပါတီရုံးသို သွားရောက်၍ မြိုနယ်ပါတီရုံးခန်းမတွင် နံနက်(၁၀:၀၀)နာရီမှစတင်ပြီး မြိုနယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းနုနှင့် မြိုနယ်ကော်မတီဝင်များအား တွေ့ဆုံညှိနှိင်းဆွေးနွေးခဲ့ပါသည်။
ပါတီဝင်အင်အားစာရင်းများ အချိန်မီပြီးစီးပေးပိုနိုင်ရေး၊ ပြည့်မဏ္ဍိုင်စီမံချက်ပါ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ဒုတိယအကြိမ် ရက်(၉၀)စီမံချက်ပါလုပ်ငန်းများဆောင်ရွက်နိုင်ရေးတိုကို ဝိုင်းဝန်းညှိနှိင်း ဆွေးနွေးကြပြီး Application ဖြင့် Data သွင်းခြင်းလုပ်ငန်းများကို ကူညီစီမံဆောင်ရွက်ပေးခဲ့ပါသည်။