သန်လျင်၊ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံမီးလောင်မှု Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်(A)၌ ဧပြီ ၁၇ ရက်၊ ညနေ ၅နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမီးလောင်မှုမှာ သီလဝါစက်မှုဇုန်(A)ရှိ အထည်ချုပ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level 2 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။
အဆိုပါ မီးလောင်မှုအား ညနေ ၅ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။