ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့များ၊ ဥပဒေပညာရှင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသိန်းထွန်းတို့သည် (၂၀.၃.၂၀၂၃)ရက်နံနက် (၁၀)နာရီအချိန်တွင် ပုသိမ်မြို့နယ်

ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ၏ ဥပဒေရေးရာအထောက်အကူပြုအဖွဲများ၊ ပြင်ပအထက်တန်း ရှေ့နေများ၊ တရားလွှတ်တော်ရှေ့နေများ၊ ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌမှ ဥပဒေနားလည်မှုအားနည်းသော ပြည်သူများအား ဥပဒေပိုင်းဆိုင်ရာဝိုင်းဝန်း အကူအညီပေးရေးကိစ္စများ၊ ဥပဒေအသိပညာပေးရေးကိစ္စများ  ဒေသအကျိုးပြု လုပ်ငန်းများ လက်တွဲလုပ်ဆောင်ရေးကိစ္စများ အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စများအား ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌမှ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာသူများအား ရွှေဖီဦးလက်ဖက်ရည်ထုပ်များ လက်ဆောင်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကာ တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ (၁)နာရီအချိန်၌ရုပ်သိမ်းခဲ့ပါသည်။