ရွှေပြည်သာမြို့နယ်ပါတီရုံး၌ တိုင်း၊ ခရိုင်၊ မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၁၈၊မတ်၊၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ် မြိုနယ်ပါတီးရုံးအစည်းအဝေးခန်းမတွင် ယနေ့နေလည် (၁၃:၀၀) နာရီ အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ တိုင်းပါတီကော်မတီဝင်၊ မင်္ဂလာဒုံခရိုင် နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေး၊ ရွှေပြည်သာမြိုနယ်ပါတီဥက္ကဌ(ယာယီ)ဦးထွန်းထွန်းဦးနှင့် မင်္ဂလာဒုံမြိုနယ်၊ရွှေပြည်သာမြိုနယ် အတွင်းရေးမှူး၊ဘဏ္ဍရေးမှူးနှင့်မြိုနယ်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ခရိုင်ပါတီတာဝန်ခံ ဦးတင်မောင်ဝင်းမှ ပါတီ၏ရှေ့လုပ်ငန်းစဥ်များ၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းများ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင်လုပ်ငန်းစိစစ်ရေးကိစ္စများ၊မြိုနယ်ဖွံဖြိုးရေးနှင့် လုံခြုံရေးဆိုင်ရာ များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ထိုနောက်ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်မှ ပါတီ၏ရှေ့လုပ်ငန်းစဥ်များ၊ ပါတီ၏လုပ်ငန်းဆိုင်ရာကိစ္စများအား မြိုနယ် (၂)မြိုနယ်မှ ပါတီဥက္ကဌနှင့် ကော်မတီဝင်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ချမ်းမြအေးမှ သတင်းမီဒီယာကိစ္စများအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပါတီကော်မတီဝင် များမှ ရေးရာအလိုက်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

နေပြည်တော်ပါတီဌာနချုပ်မှ သင်တန်းတက်ရောက်လာသော သင်တန်းသူများမှ သင်တန်းအတွေ့အကြုံများအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေ ၁၅:၃၀ နာရီ အချိန်တွင် လုပ်ငန်းညှိနှိင်းအစည်းအဝေးအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။