အက်စ်တိုးနီးယားရွေးကောက်ပွဲ လက်ရှိဝန်ကြီးချုပ် အနိုင်ရ

အက်စ်တိုးနီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ပါလီမန်ရွေးကောက်ပွဲမှာ ဗဟိုလက်ယာပါတီရဲ့ ဝန်ကြီးချုပ် ကာဂျာကာလပ်စ် ကအနိုင်ရသွားပါတယ်။ မဲတွေ အားလုံးနီးပါး ရေတွက်ပြီးစီးသွားချိန်မှာ ယူကရိန်း အရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့တဲ့ ကာလပ်စ် အနိုင်ရကြောင်း ရလဒ်တွေက ပြခဲ့ပါတယ်။

သူဟာ လက်ယာစွန်းပါတီရဲ့ အဓိက စိန်ခေါ်မှုကို ရွေးကောက်ပွဲမှာ ရင်ဆိုင်ခဲ့ရပြီး အဲဒီပါတီက ယူကရိန်းအရေးနဲ့ ပတ်သက်လို့ ဘောလ်တစ် နိုင်ငံတွေရဲ့ ထိတွေ့ဆောင်ရွက်မှုတွေကို ကန့်သတ်လိုတဲ့ ပါတီဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလက်ယာစွန်းပါတီဟာ အက်စ်တိုးနီးယားပြည်တွင်း ငွေကြေးဖောင်းပွမှုအတွက် လက်ရှိဝန်ကြီးချုပ် ကာလပ်စ် ကို အပြစ်ဖို့ ဝေဖန်နေတဲ့ ပါတီလည်းဖြစ်ပါတယ်။

အက်စ်တိုးနီးယား ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၉ ယောက်ဝင်ပြိုင်ခဲ့ကြတာပါ။ မဲပေးခွင့်ရှိသူ ၉ သိန်းရှိတဲ့အထဲက ထက်ဝက်ကျော်က ကြိုတင်မဲ ပေးခဲ့ကြတာ ဖြစ်ပါ တယ်။ မဲတွေ ရေတွက်ပြီးချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးပါတီက ၃၁.၄ ရာခိုင်နှုန်း၊ လက်ယာပါတီ အက်ဖ်ကေ အာရ်အီးက ၁၆ ရာခိုင်နှုန်း နဲ့ အက်စ်တိုးနီးယားရဲ့ ရုရှားစကားပြော လူနည်းစုတွေ အားပေးတဲ့ ဗဟိုပါတီက ၁၅ ရာခိုင်နှုန်း နဲ့ အသီးသီးရပ်တည်ခဲ့ကြပါတယ်။