ျပည္သူေတြရဲ႕ ဆႏၵအမွန္

ျပည္သူေတြရဲ႕ ဆႏၵအမွန္

ယေန႔ ျမန္မာႏိုင္ငံတြင္ ယေန႔ ႀကဳံေတြ႕ေနရေသာ ျပႆနာအရပ္ရပ္ရဲ႕ ဇစ္ျမစ္က ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ မဲသမာမႈ။

ဘယ္ေလာက္ေတာင္ မဲသမာမႈျဖစ္လဲဆိုေတာ့

သိပ္ေတာ့ မမ်ားပါဘူး ?၊

ၾကည့္ရေအာင္ေလ

ျမန္မာတစ္ႏိုင္ငံလုံး မဲေပးပိုင္ခြင့္ရွိသူက ၃၈.၂၇ သန္း ၊ မဲခိုး မဲလိမ္ မသမာမႈျဖစ္တာက ၁၀.၄၈ သန္း

ဒီေလာက္အေရအတြက္ဆို မေတာ္တဆျဖစ္ဟန္မတူဘူး၊ ႀကိဳတင္ႀကံ႐ြယ္ခ်က္နဲ႔ေတာ့ ေသခ်ာတယ္၊

ဘာေၾကာင့္ ဒီေလာက္ မဲခိုးရတာလဲ၊ လႊတ္ေတာ္မွာ ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၇၅%၊

တပ္မေတာ္သား ကိုယ္စားလွယ္က ၂၅%၊

ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၇၅% အျပည့္ NLD ကလိုခ်င္တယ္ေလ၊ ဆက္ေမးမယ္၊ ဘာေၾကာင့္ အျပည့္လိုခ်င္တာလဲ၊

၂၀၀၈ ႀကီးကို ျပင္ခ်င္လို႔ အဲဒီေတာ့ မဲခိုးတယ္

တပ္မေတာ္နဲ႔ ႏိုင္ငံေရးပါတီတို႔က ေျဖရွင္းေပးဘို႔ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့တယ္၊ လုံးဝ ဂ႐ုမစိုက္ဘူး

မွတ္မိေသးတယ္ဗ် အဲဒီအခ်ိန္က မီဒီယာတစ္ခုကေန ဒီ ႏိုင္ငံေရးအၾကပ္အတည္းကို ဘယ္လိုေျဖရွင္းမလဲလို႔ေမးခဲ့ဘူးတယ္

NLD ဒုဥကၠဌ လုပ္သူက ဒါ NLDအစိုးရရဲ႕ ႏိုင္ငံေရးအၾကပ္အတည္းမဟုတ္ဘူး၊ စစ္တပ္ရဲ႕ အၾကပ္အတည္းပါလို႔ မ်က္ႏွာေျပာင္ တိုက္ခဲ့ေသးတယ္

မဲခိုးတာ သိသိႀကီးနဲ႔ေတာ့ တစ္သက္လုံး ဒို႔တာဝန္အေရးသုံးပါးကို အၿမဲ ေျပာေနတဲ့ အဖြဲ႕အစည္းႀကီးက ဘယ္လက္ပိုက္ၾကည့္ေနမလဲ၊

၂၀၀၈ ရဲ႕ ပုဒ္မ- ၄၁၇ နဲ႔ ပုဒ္မ- ၄၁၈(က) တို႔နဲ႔ တပ္မေတာ္က အာဏာထိန္းခဲ့ရေတာ့တာေပါ့

ဒါေၾကာင့္ NLDတို႔ စီစဥ္ထားတဲ့ A plan က မေအာင္ျမင္ေတာ့ ေဒၚစု အရင္ကေျပာခဲ့ဘူးတဲ့အတိုင္း အလုံးစုံပ်က္သုန္းေရးဆိုတဲ့ B plan ကို အေကာင္ အထည္ေဖာ္ၾကေတာ့တာဘဲ၊ ဒီ Plan A ,Plan B ကို ခ်ေပးတာက သူတို႔ရဲ႕ ဆရာႀကီး အေနာက္အုပ္စု

ဒီလိုနဲ႔ B Plan ေရာက္ေတာ့ အျပစ္မဲ့ ရဟန္းသံဃာ၊ ျပည္သူ(ကေလးငယ္မ်ားအပါအဝင္) စုစုေပါင္း ၅၅၀၀ နီးပါးကို အၾကမ္ဖက္ သတ္ပစ္ခဲ့တယ္၊ သတ္တဲ့ေနရာမွာ တစ္ခ်ိဳ႕ အၾကမ္းဖက္ေတြက သူတို႔ဘယ္ေလာက္ရက္စက္တယ္ဆိုတာကို Video ႐ိုက္ျပတယ္၊ မသတ္ခင္ႏွိပ္စက္၊ မေသမရွင္နဲ႔ လည္လွီးသတ္ထားတဲ့၊ ေျခႏွစ္ဖက္၊ လက္ႏွစ္ဖက္ကို မသတ္ခင္ ​အရွင္လတ္လတ္ ျဖတ္ျပထားတဲ့ Video ေတြဟာ လိုင္းေပၚမွာ မၾကည့္ရက္စရာပါ၊ အင္မတန္မွ ေအာ့ႏွလုံးနာစရာေကာင္းပါတယ္။

ဒါတင္မကပါဘူး အစိုးရရဲ႕ ရထားလမ္း၊ ကားလမ္း၊ တံတား၊ လွ်ပ္စစ္တာဝါတိုင္၊ ဆက္သြယ္ေရးတာဝါတိုင္၊ အစိုးရ႐ုံး၊ စာသင္ေက်ာင္းနဲ႔ သာမန္ျပည္သူေတြရဲ႕ အိုးအိမ္ပါမက်န္ ဗုံးခြဲ၊ မီးရႈိ႕ၿပီး အၾကမ္းဖက္ဖ်က္စီးခဲ့ၾကတာ အေထာက္အထားအျပည့္အစုံ ရွိေနပါတယ္

ဒီလိုလုပ္တဲ့သူေတြနဲ႔ ခိုင္းတဲ့သူေတြက ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးကို က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ၾကတဲ့သူေတြပါ၊ အံၾသစရာမေကာင္းဘူးလားဗ်ာ၊

ဒီေတာ့ အေနာက္အုပ္စုရဲ႕ ႐ုပ္ေသး အစိုးရ၊ ႏိုင္ငံျခားသားစပိုင္ေတြကို အိမ္ေပၚေခၚတင္ၿပီးႏိုင္ငံေတာ္ကို သစၥာ ေဖာက္ခဲ့တဲ့ အစိုးရ၊ သူမ်ားအုပ္ခ်ဳပ္စဥ္ကေတာ့ သူခိုးလို႔ စြပ္စြဲခဲ့ၿပီး သူတို႔အုပ္ခ်ဳပ္တဲ့ ၅ႏွစ္အတြင္းမွာ ေျပာင္ေျမာက္စြာ ခိုးခဲ့တဲ့ အစိုးရ အဲဒီ NLD အစိုးရမ်ိဳး ျမန္မာျပည္မွာ ထပ္လိုခ်င္ေသးတဲ့ ျပည္သူရွိေသးလား

ရွိေသးတယ္ဆိုရင္ အဲ့ဒါ ျပည္ဖ်က္မဲ့ သစၥာေဖာက္ေလာက္ေကာင္၊ ပုစိန္႐ိုးဘဲ ဘုံရန္သူဘဲ

ျမန္မာျပည္က ဖယ္ရွားပစ္ရပါမယ္

အခု ျမန္မာတစ္ႏိုင္ငံလုံး အၾကားအလပ္မရွိ အေထြေထြေ႐ြးေကာက္ပြဲ လုပ္ေပးမွာျဖစ္တယ္လို႔ နစကဥကၠဌ ကေျပာၿပီ၊ အဲဒီလို ျပည္ပၾသဇာခံ သစၥာေဖာက္အစိုးရ လိုခ်င္ေသးလား၊ လိုခ်င္ေသးရင္ေတာ့ ျမန္မာႏိုင္ငံသားမလုပ္ဘဲ ကိုယ့္ပေထြးေတြရွိရာ သြားေနေပေတာ့၊

အဲဒီလို ပါတီမ်ိဳး ျမန္မာႏိုင္ငံမွာ လုံးဝမေပၚေပါက္လာေရးဟာ ျမန္မာႏိုင္ငံသားအားလုံးရဲ႕ အမ်ိဳးသားေရး တာဝန္ပါဘဲဗ်ာ၊ လုံးဝမေပၚေပါက္လာဘို႔ လုံးဝဖ်က္သိမ္းပစ္ရမယ္လို႔ ေျပာခ်င္ပါတယ္ဗ်ာ…………

#PAN


ပြည်သူတွေရဲ့ ဆန္ဒအမှန်

ယနေ့ မြန်မာနိုင်ငံတွင် ယနေ့ ကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ရဲ့ ဇစ်မြစ်က ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲသမာမှု။

ဘယ်လောက်တောင် မဲသမာမှုဖြစ်လဲဆိုတော့

သိပ်တော့ မများပါဘူး ?၊

ကြည့်ရအောင်လေ

မြန်မာတစ်နိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူက ၃၈.၂၇ သန်း ၊ မဲခိုး မဲလိမ် မသမာမှုဖြစ်တာက ၁၀.၄၈ သန်း

ဒီလောက်အရေအတွက်ဆို မတော်တဆဖြစ်ဟန်မတူဘူး၊ ကြိုတင်ကြံရွယ်ချက်နဲ့တော့ သေချာတယ်၊

ဘာကြောင့် ဒီလောက် မဲခိုးရတာလဲ၊ လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၇၅%၊

တပ်မတော်သား ကိုယ်စားလှယ်က ၂၅%၊

ရွေးကောက်ခံကိုယ်စားလှယ် ၇၅% အပြည့် NLD ကလိုချင်တယ်လေ၊ ဆက်မေးမယ်၊ ဘာကြောင့် အပြည့်လိုချင်တာလဲ၊

၂၀၀၈ ကြီးကို ပြင်ချင်လို့ အဲဒီတော့ မဲခိုးတယ်

တပ်မတော်နဲ့ နိုင်ငံရေးပါတီတို့က ဖြေရှင်းပေးဘို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်၊ လုံးဝ ဂရုမစိုက်ဘူး

မှတ်မိသေးတယ်ဗျ အဲဒီအချိန်က မီဒီယာတစ်ခုကနေ ဒီ နိုင်ငံရေးအကြပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲလို့မေးခဲ့ဘူးတယ်

NLD ဒုဥက္ကဌ လုပ်သူက ဒါ NLDအစိုးရရဲ့ နိုင်ငံရေးအကြပ်အတည်းမဟုတ်ဘူး၊ စစ်တပ်ရဲ့ အကြပ်အတည်းပါလို့ မျက်နှာပြောင် တိုက်ခဲ့သေးတယ်

မဲခိုးတာ သိသိကြီးနဲ့တော့ တစ်သက်လုံး ဒို့တာဝန်အရေးသုံးပါးကို အမြဲ ပြောနေတဲ့ အဖွဲ့အစည်းကြီးက ဘယ်လက်ပိုက်ကြည့်နေမလဲ၊

၂၀၀၈ ရဲ့ ပုဒ်မ- ၄၁၇ နဲ့ ပုဒ်မ- ၄၁၈(က) တို့နဲ့ တပ်မတော်က အာဏာထိန်းခဲ့ရတော့တာပေါ့

ဒါကြောင့် NLDတို့ စီစဉ်ထားတဲ့ A plan က မအောင်မြင်တော့ ဒေါ်စု အရင်ကပြောခဲ့ဘူးတဲ့အတိုင်း အလုံးစုံပျက်သုန်းရေးဆိုတဲ့ B plan ကို အကောင် အထည်ဖော်ကြတော့တာဘဲ၊ ဒီ Plan A ,Plan B ကို ချပေးတာက သူတို့ရဲ့ ဆရာကြီး အနောက်အုပ်စု

ဒီလိုနဲ့ B Plan ရောက်တော့ အပြစ်မဲ့ ရဟန်းသံဃာ၊ ပြည်သူ(ကလေးငယ်များအပါအဝင်) စုစုပေါင်း ၅၅၀၀ နီးပါးကို အကြမ်ဖက် သတ်ပစ်ခဲ့တယ်၊ သတ်တဲ့နေရာမှာ တစ်ချို့ အကြမ်းဖက်တွေက  သူတို့ဘယ်လောက်ရက်စက်တယ်ဆိုတာကို Video ရိုက်ပြတယ်၊ မသတ်ခင်နှိပ်စက်၊ မသေမရှင်နဲ့ လည်လှီးသတ်ထားတဲ့၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ကို မသတ်ခင် ​အရှင်လတ်လတ် ဖြတ်ပြထားတဲ့ Video တွေဟာ လိုင်းပေါ်မှာ မကြည့်ရက်စရာပါ၊ အင်မတန်မှ အော့နှလုံးနာစရာကောင်းပါတယ်။

ဒါတင်မကပါဘူး အစိုးရရဲ့ ရထားလမ်း၊ ကားလမ်း၊ တံတား၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်၊ အစိုးရရုံး၊ စာသင်ကျောင်းနဲ့ သာမန်ပြည်သူတွေရဲ့ အိုးအိမ်ပါမကျန် ဗုံးခွဲ၊ မီးရှို့ပြီး အကြမ်းဖက်ဖျက်စီးခဲ့ကြတာ အထောက်အထားအပြည့်အစုံ ရှိနေပါတယ်

ဒီလိုလုပ်တဲ့သူတွေနဲ့ ခိုင်းတဲ့သူတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကျယ်ကျယ်လောင်လောင် အော်ကြတဲ့သူတွေပါ၊ အံသြစရာမကောင်းဘူးလားဗျာ၊

ဒီတော့ အနောက်အုပ်စုရဲ့ ရုပ်သေး အစိုးရ၊ နိုင်ငံခြားသားစပိုင်တွေကို အိမ်ပေါ်ခေါ်တင်ပြီးနိုင်ငံတော်ကို သစ္စာ ဖောက်ခဲ့တဲ့ အစိုးရ၊ သူများအုပ်ချုပ်စဥ်ကတော့ သူခိုးလို့ စွပ်စွဲခဲ့ပြီး သူတို့အုပ်ချုပ်တဲ့ ၅နှစ်အတွင်းမှာ ပြောင်မြောက်စွာ ခိုးခဲ့တဲ့ အစိုးရ အဲဒီ NLD အစိုးရမျိုး မြန်မာပြည်မှာ ထပ်လိုချင်သေးတဲ့ ပြည်သူရှိသေးလား

ရှိသေးတယ်ဆိုရင် အဲ့ဒါ ပြည်ဖျက်မဲ့ သစ္စာဖောက်လောက်ကောင်၊ ပုစိန်ရိုးဘဲ ဘုံရန်သူဘဲ

မြန်မာပြည်က ဖယ်ရှားပစ်ရပါမယ်

အခု မြန်မာတစ်နိုင်ငံလုံး အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ လုပ်ပေးမှာဖြစ်တယ်လို့ နစကဥက္ကဌ ကပြောပြီ၊ အဲဒီလို ပြည်ပသြဇာခံ သစ္စာဖောက်အစိုးရ လိုချင်သေးလား၊ လိုချင်သေးရင်တော့ မြန်မာနိုင်ငံသားမလုပ်ဘဲ ကိုယ့်ပထွေးတွေရှိရာ သွားနေပေတော့၊

အဲဒီလို ပါတီမျိုး မြန်မာနိုင်ငံမှာ လုံးဝမပေါ်ပေါက်လာရေးဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ အမျိုးသားရေး တာဝန်ပါဘဲဗျာ၊ လုံးဝမပေါ်ပေါက်လာဘို့ လုံးဝဖျက်သိမ်းပစ်ရမယ်လို့ ပြောချင်ပါတယ်ဗျာ…………

 

#PAN