ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း ကျေးရွာပါတီဝင်များ နှင့် ကွင်းဆင်းတွေ့ဆုံ

၂၀၂၃ ဖေဖေါ်ဝါရီ ၁၆ ၊ ပြည်မြို့

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း သည် ယနေ့နံနက်ပိုင်းတွင် ပြည်မြို့နယ်၊ ရွှေမြှောင်းကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ တင်ပြမှုအပေါ်ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်မြို့နယ်ပါတီ ဥက္ကဌ ဦးထွန်းထွန်းနိုင် အတွင်းရေးမှူး ဒေါ်မိုးမိုးစံ တို့ လိုက်ပါပြီး ပါတီဝင် အင်အား စီစစ်ခြင်းများပါဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။