ပြည်နယ်ဥက္ကဋ္ဌနှင့်လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်

ရှမ်းပြည်နယ်(​တောင်ပိုင်း)ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်အတူပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဝါဝါထွေး၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစိုင်းစံဝင်း တို့သည် လင်း​ခေးခရိုင်ပါတီရုံးတွင်လင်း​ခေးခရိုင်ဥက္ကဌနှင့်​ကော်မတီဝင်များ၊လင်း​ခေးမြို့နယ်၊မိုင်းပန်မြို့နယ်​၊မောက်မယ်မြို့နယ်များမှဥက္ကဌနှင့်​ကော်မတီဝင်များ အား​တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ပါတီဥက္ကဌဦးစိုင်းလုံကျော်​ကဗဟိုပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက် များအား ဆွေးနွေးခြင်း ရက် ၉၀ စီမံချက်နှင့်စပ်လျဥ်း၍ မြို့နယ်များမှ​အချက်(၁၇)ချက်အ​ပေါ်ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများကိုညှိနှိုင်း​ဆွေး​နွေးခြင်း၊အသွင်သစ်ဆက်ဆံ​ရေး၊ပါတီဟောင်းများနှင့်မိသားစုဝင်များ​တွေ့ဆုံ​ရေး၊mediaကဏ္ဍမှ​ဆောင်ရွက်ရမည် ကိစ္စများ​ဆွေး​နွေးခြင်း၊မြို့နယ်အလိုက် viber group များချိတ်ဆက်နိုင်ရေး ဆောင်ရွက်​ပေးခြင်း ၊လာမည့် ရွှေးကောက်ပွဲတွင်PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည့် ကိစ္စ၊၂၀၂၃ခုနှစ်​ရွှေး​ကောက်ပွဲကျင်းပနိုင်မည်အ​ခြေအ​နေတို့အား ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွမ်းက အမျိုးသမီးများဘဝ လုံခြုံရေး လူမှုစီးပွားတိုးတက်ရေး အတွက်ဒေသရိုးရာစားသောက်ကုန် အိမ်တွင်းမှုလုပ်ငန်းများ ကိစ္စနှင့် လအလိုက်ဆောင်ရွက်ရမည့် Calander ကိစ္စများဆွေးနွေးခြင်းဘဏ္ဍာရေးတာဝန်ခံ ဒေါ်နန်းဝါဝါထွေးက ဘဏ္ဍာ ရေးစည်းကမ်းချက်များနှင့်အညီ ပါတီငွေ များစနစ်တကျအသုံးပြုရေး လူငယ်များ၏ အားကို အခြေပြု၍ အမာခံဆဲလ်များတည်ဆောက်ရေး လူငယ်များ အား သတင်းအဆိပ် မသင့်​​​စေရေး ကိစ္စ၊ နိုင်ငံ၏ အနာဂတ်အရေးသည် လူငယ်ထု၏ အားကိုအခြေပြုရမည်ဖြစ်ကြောင်း၊​စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးစိုင်းစံဝင်းက စည်းကမ်းစနစ်တကျဖြင့် ကဏ္ဍ အလိုက် တာဝန် ကိုယ်စီဖြင့် ပါတီအောင်နိုင်ရေးအတွက် ကြိုးစားရမည့်ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် သူများ အနေဖြင့် မိမိတို့ ကဏ္ဍ အလိုက်ဆောင်ရွက်ထားမှုများကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး လင်း​ခေးမြို့​ပေါ်ရှိ​ ဆရာ​တော်များအားသွား​ရောက်ဖူး​မျှော်ပြီး လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။