မိုင်းဖုန်းဆရာတော်မွေးနေ့အလှူတွင် ဆရာတော်အားလာ ရောက်ကန်တော့မည့်ရပ်နီး၊ ရပ်ဝေးမှအလှူရှင် ပြည်သူများ အတွက် ဆေးအကာအကွယ်ပေးကုသိုလ်ပြုလျက်ရှိသော တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် အတူ ပါဝင် ကူညီကုသိုလ်ရယူ

မိုင်းဖုန်းဆရာတော်ကြီးဘုရား၏ မွေးနေ့ မင်္ဂလာ အခမ်းအနားဆင်ယင်ကျင်းပရာ ဆရာတော်၏မွေးရပ်သာသနာ နယ်မြေသို့ အနယ်နယ် အရပ်ရပ်မှ ဆရာတော်ကြီးအား ဖူးမျှော်ရန်လာရောက်ကြသည့် ပြည်သူများ၊ အလှူရှင်များ အား ဆေးအကာအကွယ်ပြုရန် တပ်မတော်၏ ဆေးကုသရေးအဖွဲ့နှင့်တာချီလိတ်မြို့ရှိ (ပရဟိတ)အဖွဲ့များ ပူးပေါင်း၍ (အခမဲ့) ဆေးအကာအကွယ်ကုသမှုများပြုလုပ်ပေးလျက်ရှိပြီး တပ်မတော်ဆေးကုသရေးအဖွဲ့မှ ပြည်သူများကိုဆေးအကာအကွယ်ပြုရာနေရာဌာနသို့ တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ ဦးဆောင်၍ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မူအန်တူငဲတ နှင့် အမျိုးသမီးအဖွဲ့များမှမေတ္တာရှင် လူမှုကူညီရေးအသင်းနှင့်အတူ သွားရောက်ကာ မိုင်းဖုန်းဆရာတော်ကြီး ၏ မွေးနေ့မဂ်လာပွဲသို့လာရောက်သည့် ပြည်သူများကို ဆေးအကာအကွယ်ပြုရာတွင်ပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

တာချီလိတ်မြို့။