စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၊မှော်ဘီခရိုင်မှ တက်ရောက်အားပေး

မှော်ဘီမြို့နယ်စာရေးဆရာအသင်းနှင့် မော်ပီဆရာသိန်းစာကြည့်တိုက်မှ ကြီးမှူးကျင်းပသော စာဆိုတော် နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ပွဲနှင့် စာကြည့်တိုက်နှစ်ပတ်လည်နေ့ အခမ်းအနား အား ယနေ့နံနက် (၉)နာရီတွင် မော်ပီဆရာသိန်း စာကြည့်တိုက်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သက်ဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင် ဥက္ကဌ ဦးအေးလွင်နှင့် မှော်ဘီမြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စာရေးဆရာအသင်းဥက္ကဌ ဦးနေလင်း(မောင်ချိုဝေ) မှ နှုတ်ခွန်းဆက်စကား ပြောကြား ပါသည်။ ထို့နောက် သက်ကြီးစာပေပညာရှင်များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှော်ဘီမြို့နယ်မှ ကန်တော့ပစ္စည်းများဖြင့် ပါဝင် လှူဒါန်း ကန်တော့ခဲ့ကြပြီး စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောခြင်းအား စာရေးဆရာတစ်မိုးအောက်မှ ဟောပြောကာ အခမ်းအနားအား နံနက် (၁၁)နာရီ အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။  မှော်ဘီခရိုင် မီဒီယာ