အင်းစိန်မြို့နယ်၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊လူငယ်ထုတွေ့ဆုံပွဲအတွက်ကြိုတင်လုပ်ငန်း ညှိနှိုင်းစည်းဝေး
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၏ မူဝါဒ၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး၏ လမ်းညွှန်ချက်၊အင်းစိန်ခရိုင်ဥက္ကဌ ဦးမင်းသူထွန်း၏ညွှန်ကြားချက်အရ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်မည့် လူငယ်ထုတွေ့ဆုံပွဲအတွက် ကြိုတင်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကိုအင်းစိန်မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌၂၃.၁၁.၂၀၂၂ရက် ၁၀:၀၀ချိန်တွင်ကျင်းပပြုလုပ်ပါသည်။
အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီဝင်၊ မြို့မိမြို့ဖဦးစောစံနီချမ်း၊ အင်းစိန်မြို့နယ် ပါတီဥက္ကဌ ဦးသူရိန်လင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်များနှင့်ပါတီဝန်းရံထောက်ခံသူ အင်အား (၃၆) ဦး တက်ရောက်ခဲ့ပြီးရပ်မိရပ်ဖမှ ပါတီဝင်များစည်းလုံးညီညွတ်စွာဖြင့် ပါတီအကျိုးကိုယခင်ကလို ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့နယ်ဥက္ကဌမှ လူငယ်ထုတွေ့ဆုံပွဲသို့မိမိမြို့နယ်မှ တက်ရောက်ရမည့် အင်အားပြည့်ဝစွာ တက်ရောက်နိုင်ရေးအပြင်အသိပညာရှင်၊ အတက်ပညာရှင်လူငယ်မောင်မယ်များပါ တက်ရောက်နိုင်စေရေးကြိုတင်ပြင်ဆင်ထားကြရန်ညှိုနှိုင်းပြီး တက်ရောက်လာကြသော ကော်မီဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဌများ၊ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများမှ လူငယ်တွေ့ဆုံပွဲအတွက် အင်အား စုစည်းရေး၊ သယ်ယူပို့ဆောင်ရေး စသည်တို့အားအသေးစိတ် ဆွေးနွေးတင်ပြကာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အား ၁၂း၃၀ ချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။