ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ကော်မတီ / မြို့နယ် ကော်မတီ ဝင်များ အမျိုးသမီးရေးရာ ၊ လူငယ်ရေးရာ အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ခရိုင် / မြို့နယ် ကော်မတီဝင် များ ၊လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်  ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူး ခရိုင် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌  ကျင်းပပြု လုပ်ခဲ့ကြသည်။ ရှေ့ဦးစွာ တက်ရောက်လာကြသော ခရိုင်/မြို့နယ်များ မှ ကော်မတီဝင်များ ၊ လူငယ်နှင့်အမျိုးသမီး ရေးရာ တာဝန်ခံများက အသီးသီး မိတ်ဆက်စကားပြောကြား ခဲ့ကြပြီး မိမိတို့ တာဝန်ယူထားကြသည့် နယ်မြေများ အလိုက် ကွင်းဆင်းအတွေ့အကြုံများ၊ အားသာချက် အားနည်းချက် များအပေါ် နမူနာကောင်းများ၊ သင်ခန်းစာများ ရယူလျက် လှည်းကူးခရိုင် ရွေးကောက်ပွဲအောင်နိုင်ရေး ၊မဲများများရရှိအတွက် ပါတီဝင်အင်အား တိုးပွားရေး လုပ်ငန်းစဉ်များ ကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်ပြီးစီးမှု့ အတိုင်း တိုးတက်မှု့အခြေပြ

Mapping ရေးဆွဲရေး တို့ကို အချိန်နှင့်တပြေးညီ ပြုစုဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူးခရိုင် ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင် က အဖွင့်အမှာစကားပြောကြားပြီး ၊ ခရိုင် အတွင်းရေးမှူး ဦးသန်းဇော်နှင့် အောင်နိုင်ရေး နယ်မြေတာဝန်ခံများ၊ ခရိုင်/မြို့နယ်လူငယ်/ အမျိုးသမီးရေးရာ တာဝန်ခံများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး အစည်းအဝေးအား ညနေ ၃ နာရီအချိန်၌ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။