တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ နှင့် ကေတုမတီမြို့သစ် မြို့ ၊ မင်းကြီးဆွေရပ်ကွက်ရှိပါတီဥက္ကဌ ၊ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းတွေ့ဆုံခဲ့သည် ။ နယ်မြေကွင်းဆင်းတွေ့ဆုံရာသို့ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်နီနီမာ ၊ တောင်ငူမြို့နယ်ပါတီဥက္ကဌဦးသန်းစိုး နှင့်မြို့နယ်ပါတီတာဝန်ရှိသူများလိုက်ပါပြီး ဆွေးနွေးပွဲသို့ ရပ်ကွက်အတွင်းရှိပါတီဝင်များ စစ်မှူ့ထမ်းဟောင်းများတက်ရောက်ခဲ့ကြပြီး ပါတီတာဝန်ရှိသူများမှ ပါတီ ဗဟို ညီလာခံအတွေ့အကြုံကိစ္စရပ်များ ပါတီ၏ပြုပြင်ပြောင်းလဲမှု ပါတီ၏နိုင်ငံရေးသဘောထားရပ်တည်ချက်များ တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု ရက်ပေါင်း ၉၀ လုပ်ငန်းကာလစီမံချက်များ PRစနစ်အကြောင်း ၊အမျိုးသမီး ရေးရာ ၊ လူငယ်ရေးရာကော်မတီစသည့်ကော်မတီများဖွဲ့စည်းနေမှု ဗဟို ၊ တိုင်း၊ ခရိုင် ၊ မြို့နယ်ပါတီ၏ လှုပ်ရှားဆောင်ရွှက်နေမှုများအားဆွေးနွေးတင်ပြခဲ့သည် ။
ဆွေးနွေးရှင်းလင်းမှုများအပေါ်တက်ရောက်လာကြသော ပါတီဝင်များမှပြန်လည်မေးမြန်းဆွေးနွေးခြင်း ၊အကြံပြု တင်ပြခြင်း လိုအပ်ချက်များအားတင်ပြခြင်းများအားဆွေးနွေးခဲ့ကြပြီး ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် ပါတီတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွှက်ခဲ့သည် ။