ကာတာ ကမ္ဘာ့ဖလား က သူ့အတွက် နောက်ဆုံးဖြစ်နိုင်ကြောင်း နေမာ ပြော

ဒီနှစ် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲပြီးလို့ နောက်လာမယ့် ကမ္ဘာ့ဖလားမှာ သူ့အနေနဲ့ ဘရာဇီးကို ကိုယ်စားပြုခွင့်ရမလားဆိုတာကို နေမာ က မသေမချာ ဖြစ်နေပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်မှူး က ကာတာမှာ သူ့ရဲ့ သုံးကြိမ်မြောက် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားမှာဖြစ်ကာ ဘရာဇီး ကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြန်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကူညီဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား စတင်ချိန်မှာ နေမာက အသက် ၃၄ နှစ် ရှိနေမှာဖြစ်ကာ သူ့အနေနဲ့ အဲဒီပြိုင်ပွဲမှာ ပါဝင်မလား မသေချာလို့ ကာတာမှာ ချန်ပီယံ ဖြစ်အောင်စွမ်းဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။

“နောက်ဆုံးပြိုင်ပွဲလို ကစားသွားပါမယ်။ ကျွန်တော် အဖေနဲ့ စကားပြောခဲ့ပြီး အမြဲတမ်းလည်း ပြောဖြစ်ပါတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို မသိလို့ ပွဲတိုင်းကို ကျွန်တော်က နောက်ဆုံးပွဲလို ကစားသွားပါမယ်။” လို့ နေမာ က ပြောပါတယ်။ မိမိအနေနဲ့ ရှည်လျားတဲ့ သမိုင်းတည်ဆောက်ခဲ့ပြီး အဆုံးသတ်လည်း လှချင်ပါတယ်လို့ နေမာ က ဆိုပါတယ်။

-Ref: Livescore