လှည်းကူးခရိုင်ပါတီရုံးဖွင့်လှစ်ခြင်း၊ ခရိုင်ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခြင်း
ရန်ကုန်၊အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ် တင်ခြင်း အခမ်းအနားပြုလုပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း အခမ်းအနားတွင် ပထမဦးစွာ ခရိုင်ပါတီရုံးဖွင့်လှစ်ခြင်းနှင့်ဆိုင်းဘုတ်တင်အခမ်းအနားအား နံနက်၉:၀၀ နာရီ တိတိ မဂ်လာအချိန်တွင် အမွှေးနံသာများပက်ဖြန်းကာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်(၁၀:၀၀ မှ နေ့လည် ၁၂:၀၀ နာရီအထိ ခရိုင်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဦးတင်မောင်ဝင်း၊ ပါတီဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်၊ ခရိုင်တာဝန်ခံဦးခင်မောင်တင့်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဦးသန်းဇော်၊ ခရိုင်ဘဏ္ဍာရေးမှုး ဦးတင်အောင်နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။
လှည်းကူး ခရိုင် USDP
မီဒီယာ