ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှော်ဘီခရိုင် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနား ကျင်းပ
အောက်တိုဘာ ၃၀၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မှော်ဘီခရိုင် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားအား ယနေ့နံနက် ကျင်းပရာ ဗဟိုကော်မတီဝင်/မှော်ဘီခရိုင်နယ်မြေတာဝန်ခံ ဒေါက်တာနေလင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးအေးလွင်၊ အတွင်းရေးမှူးဦးသန်းလွင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဆိုင်းဘုတ်အား မင်္ဂလာအချိန်ဖြစ်သည့် နံနက် ၉နာရီတိတိတွင် အမွှေးနံ့သာများပက်ဖြန်းကာ စိုက်ထူခဲ့ကြပါသည်။