ပန်းတနော်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်း
အောက်တိုဘာ – ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း ပါတီကော်မတီဝင် (မအူပင်ခရိုင်နယ်မြေတာဝန်ခံ)ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ) ဦးအောင်မြင့်သိန်း၊ မအူပင်ခရိုင် ပါတီဥက္ကဌ ဦးဝင်းကျော်ကျော်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပန်းတနော်မြို့နယ်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ အရန်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား(၉၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံများ၊ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းနှင့် အချိုးကျကိုယ်စားပြုစနစ် PR နှင့် ပတ်သက်သည့် အသေးစိတ် အချက်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နေ့လည် ၁၂ နာရီ အချိန်တွင် ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။